(၁) နားအူစေသော အကြောင်းရင်းများကို ရှောင်ရှားပါ
နားအူခြင်းကို ဖြစ်စေတဲ့ ဒါမှမဟုတ် ပိုဆိုးစေတဲ့ အကြောင်းရင်းတွေကို သတိထားပြီး ရှောင်ရှားပါ။ နားအူစေတဲ့ အဓိကအကြောင်းရင်တွေကတော့- ကျယ်လောင်တဲ့ ဆူညံသံနဲ့ ဆေးလိပ်ထဲက နီကိုတင်းဓာတ်တို့ပဲ ဖြစ်ပါတယ်။
(၂) ဆူညံသံမကြားရအောင် ကာကွယ်ပါ
နေထိုင်ရာ ပတ်ဝန်းကျင်မှာ ဆူညံတဲ့အသံတွေ မရှိအောင် တတ်နိုင်သမျှ လျှော့ချပါ။ မဖြစ်နိုင်ပါက ကိုယ့်နားကို အကာအကွယ်ထားရှိပေးပါ။
(၃) အရက်ကို တတ်နိုင်သမျှရှောင်ပါ
အယ်လ်ကိုဟောဟာ သွေးကြောတွေကို ကျယ်စေကာ သွေးစီးဆင်းမှု ကောင်းစေတာကြောင့် အတွင်းနားထဲ သွေးစီးဆင်းမှု များစေပါတယ်။ ဒါကြောင့် အရက်ကို တတ်နိုင်သမျှရှောင်ပါ။