Healthy Life Ad
Health Tips

အချိန်သီးသန့်ပေးစရာ မလိုသော ကျန်းမာရေးအတွက် အလွယ်နည်းများ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

တစ်နေ့ မိနစ်၃၀ လေ့ကျင့်ခန်းလုပ်၊ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးကို တစ်နေ့ငါးကြိမ်ပြည့်အောင် စား၊ ခြေလှမ်းတစ်သောင်းပြည့်အောင် နေ့စဉ်လမ်းလျှောက်.. ဆိုတဲ့ ကျန်းမာရေး ပညာပေးစကားတွေကို ကြားရဖန်များပေမယ့်လုပ်ဖြစ်ဖို့ မလွယ်ဘူးလား။ ဒီလိုတိတိကျကျကြီး မလိုက်နာနိုင်ပေမယ့် သွားလာလှုပ်ရှားရင်းနဲ့ပဲ ကျန်းမာရေးအတွက်အထောက်အပံ့ဖြစ်နေစေဖို့ ဖြတ်လမ်းနည်းတွေကိုအကြံပြုလိုက်ရပါတယ်။

(၁) ပီကေ၀ါးပါ
ပီကေ၀ါးပေးတာက စိတ်ဖိစီးမှုကိုအသင့်အတင့်လျော့ကျစေကာ စိတ်ပေါ့ပါးနေတတ်ပါတယ်။ လတ်တလောလေ့လာမှုတစ်ရပ်အရ ပီကေကို မကြာခဏ ၀ါးတတ်သူတွေဟာ မ၀ါးသူတွေထက် စိတ်ဖိစီးမှုကြုံရတာချင်း အတူတူစိတ်ဖိစီးမှုကော်တီဆောပမာဏကို သိသိသာသာလျော့ကျစေကြောင်း သိရပါတယ်။

(၂) ငါးမိနစ် ကိုယ်လက်လှုပ်ရှားပါ
အချိန်တစ်နာရီလောက် ထိုင်ပြီး အလုပ်လုပ်ပြီးတာနဲ့ ငါးမိနစ်လောက် လမ်းထလျှောက်ပေးတာမျိုး၊ အကြောဆန့်ပေးတာမျိုးကို ဆောင်ရွက်ပေးပါ။

(၄) မိသားစုဆရာဝန်ထားရှိပါ
သင်နဲ့သင့်မိသားစုရဲ့ အထွေထွေကျန်းမာရေးအတွက် မိသားစုဆရာဝန်တစ်ဦးထားရှိတာဟာ နှစ်စဉ် ဆေးခန်းမှာဆရာဝန် သွားပြနေရတဲ့အချိန်တွေကို သက်သာစေပါတယ်။

(၅) လက်ကိုင်အိတ်ထဲမှာ သရေစာဆောင်ထားပါ
ဗိုက်ဆာတဲ့အခါ အဆာပြေစားနိုင်အောင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သရေစာဆောင်ထားတာဟာ သင့်ကို အမြဲကျန်းမာလန်းဆန်းစေပါတယ်။

(၆) သစ်သီးစုံ ဖျော်ရည်သောက်ပါ
အဆီနည်း ဒိန်ချဉ် ဒါမှမဟုတ် နွားနို့ထဲကို ငှက်ပျောသီး၊ စတော်ဘယ်ရီသီးစတဲ့သစ်သီးတွေရောမွှေပြီး သောက်ပါ။

(၇) တီဗီကြည့်ရင်း ၀ိတ်မပေးပါ
တီဗီကြည့်နေစဉ်မှာ သုံးပေါင်- ငါးပေါင်ခန့်လေးတဲ့ အလေးပြားကို မ ပေးရင် တစ်လအကြာမှာ ကိုယ်အလေး ချိန်တစ်ပေါင်လျော့ကျစေပါတယ်။

(၈) လက်ဆေးချိန်ကို ၁၀ စက္ကန့်ပေးပါ
လက်တွေကို လက်ချောင်းကြားတွေပါမကျန် ၁၀ စက္ကန့်ကြာ ဆေးကြောပေးရုံနဲ့ လက်တွေမှာကပ်ညိနေတတ်တဲ့ ဘက်တီးရီးယားပိုးအများစုကို ကင်းစင်သွားစေပါတယ်။

(၉) SPF ပါသော နေရောင်ကာ ခရင်မ်ကိုလိမ်းပါ
နေရောင်ကာခရမ်လိမ်းတာဟာ အရေပြားကင်ဆာကို ကာကွယ်ပေးနိုင်ပါတယ်။ ဘယ်လိုရာသီမှာပဲဖြစ်ဖြစ်၊ ဘယ်လိုအသားအရေအမျိုးအစားကိုပဲပိုင်ပိုင် နေရောင်ကာခရင်မ်ကို မှန်မှန်လိမ်းပေးပါ။

_ _ _
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top