Healthy Life Ad
Health Tips

နှာခေါင်းအတွင်းမြှေးရောင်ရမ်းခြင်း

နှာခေါင်းတွင်း ဆက်သွယ်ပေးထားတဲ့ အချွဲမြှေးနဲ့ဖုံးထားတဲ့ လေ၀င်အခန်းငယ်တွေ ရောင်ရမ်းတာ၊ ထိပ်ကပ်နာဖြစ်တာ၊ နှာရည်ယိုတာ၊ နှာခေါင်းပိတ်တာနဲ့ အနံ့ခံအာရုံလျော့ကျတာ စတာ တွေကို Sinusitis လို့ ခေါ်ပါတယ်။

ဖြစ်တတ်သော လက္ခဏာများ

– ပါးပြင်၊ နဖူးနဲ့ မျက်ဝန်းတစ်ဝိုက် နာကျင် ကိုက်ခဲတတ်ပါတယ်။

– မနက်ခင်းဆိုရင် ခေါင်းကိုက်တတ်ပါတယ်။

– မျက်ခွံရောင်ရမ်း ဖောရောင်တတ်ပါတယ်။

– နှာခေါင်း ပိတ်တတ်ပါတယ်။

– နှာရည်ယိုတတ်ပါတယ်။

– လည်ချောင်းနာတတ်ပါတယ်။

– အားနည်းပြီး နုံးချည့်ညောင်းညာတတ်ပါတယ်။

– အနံ့ခံနိုင်စွမ်း လျော့ကျသွားတတ်ပါတယ်။

ကာကွယ်နည်း

– ရေများများ သောက်ပေးပါ။

– ကဖင်းဓာတ်နဲ့ အယ်လ်ကိုဟော ရှောင်ပါ။

-လေယာဉ်နဲ့ ခရီးသွားတာကို ရှောင်ပါ။

-ဆေးလိပ်မသောက်ပါနဲ့။ သူတစ်ပါး သောက်တဲ့ ဆေးလိပ်ငွေ့ကို မရှူပါနဲ့။

-ဓာတ်မတည့်မှု ဖြစ်တတ်တဲ့ အရာတွေနဲ့ ထိတွေ့မှုကို ရှောင်ပါ။

Most Popular

Healthy Life Ad
To Top