၊ လရိပ်မေ ၊
လိုအပ်သော ပစ္စည်းများ
– ဆား ထမင်းစားဇွန်း နှစ်ဇွန်း၊
– ရေနွေး ၂၅၀ မီလီလီတာ၊
– ဂွမ်းစ ဒါမှမဟုတ် ပတ်တီး။
ပြုလုပ်နည်း
– ရေနွေးထဲမှာ ဆားထည့်ပြီး အရည်ဖျော် လိုက်ပါ။
– ပိတ်စကို ရှစ်လွှာခေါက်ပြီး နဖူး၊ နားရွက်နဲ့ လည်ပင်းတွေပေါ် ဖိကပ်နိုင်တဲ့ အနေအထား ပြင်ဆင်ပါ။
– ပြီးရင် နဖူး၊ နားရွက်နဲ့ လည်ပင်းကို ကြက်သီးနွေးရေနဲ့ အရင်ဆုံး ဆေးကြောလိုက်ပါ။ အဲဒီနောက် ပိတ်စကို ဆားရည်ထဲ နှစ်စိမ်ပြီး ရေတွေကို ညှစ်လိုက်ပါ။
– အဲဒီပိတ်စကို နဖူး၊ လည်ပင်းနဲ့ နားရွက် တွေပေါ် တစ်လှည့်စီ ဖိထားပေးပါ။
– အချိန် ၁၀-၂၀ မိနစ်လောက်ကြာထားပါ။ ပြီးမှ နဖူး၊ လည်ပင်းနဲ့ နားရွက်တွေကိုသန့် ရှင်းတဲ့ ရေနဲ့သေချာ ဆေးကြောပေးရမှာ ဖြစ်ပါတယ်။
(Ref;HD)