၊ လရိပ်မေ ၊
– အစိမ်းရောင် ဖျော်ရည်
အစိမ်းရောင်ဖျော်ရည်သောက်တာကြောင့် စွမ်းအင်အထွက်တိုးစေပါတယ်။
– သစ်ကြားသီး
သစ်ကြားသီးမှာ ဦးနှောက်အားပြည့်စေတဲ့ အိုမီဂါ ၃ ဖက်တီးအက်ဆစ် ပါဝင်နေပါတယ်။
– ငရုတ်သီး
ငရုတ်သီးဟာ စိတ်ကျရောဂါဝေဒနာလက္ခဏာတွေကို သက်သာလျော့ပါးစေပါတယ်။
– ငှက်ပျောသီး
ငှက်ပျောသီးဟာ ခန္ဓာကိုယ်ကနေ ဆီရိုတိုနင်ဓာတ် အထွက်တိုးစေပါတယ်။
– Almond သစ်စေ့
Almond သညိ သစ်စေ့မှာ မဂ္ဂနီဆီယမ်ဓာတ် ပါဝင်မှုများတာကြောင့် ဦးနှောက်အားပြည့်စေတဲ့ အစာပါ။
– ရေ
ရေသောက်တာကြောင့် စိတ်ဖိစီးမှုနည်းကာ စွမ်းအင်အထွက်တိုးစေပါတယ်။
– အစိမ်းရောင် ဟင်းရွက်များ
အစိမ်းရောင်ဟင်းရွက်တွေစားတဲ့အတွက် စွမ်းအင်တိုးပြီး စိတ်ခံစားမှုကောင်းမွန်စေပါတယ်။
– ဆားခါး
ဆားခါးဟာ စိတ်တည်ငြိမ်အေးချမ်းစေပါတယ်။
Tip
– ပြုံးရယ်တာကြောင့် ခန္ဓာကိုယ်ထဲမှာ ပျော်ရွှင်စေတဲ့ဟော်မုန်းတွေကို အထွက်တိုးစေပါတယ်။
– သဘာဝပတ်ဝန်းကျင်နဲ့ ထိတွေ့မှုကြောင့် စိတ်နဲ့ခန္ဓာကို အပန်းပြေစေပါတယ်။
– လမ်းလျှောက်တာကြောင့် စိတ်ကြည်လင်စေပြီး ဆီရိုတိုနင်အထွက်တိုးစေပါတယ်။
(Ref;HD)