Healthy Life Ad
Q & A

အစာမကြေဖြစ်တတ်တဲ့ အစာတွေ…

ဒေါက်တာဒေါ်ဝင်းဝင်းမြင့်

(အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး)

Q.ဘယ်လိုအစာတွေက အစာမကြေဖြစ်တတ်ပါသလဲ။

ဝေယံမင်း၊ ဗဟန်း။

A. များသောအားဖြင့် အစာမကြေဖြစ်တတ်တဲ့ အစာက ကောက်ညင်းဖြစ်ပါတယ်။ ခြုံပြောရမယ် ဆိုရင် GI (Glycemic Index) မြင့်တဲ့ အစားအစာတွေက အစာမကြေ ဖြစ်တတ်တာပါ။ GI မြင့်ရင် ဂလူးကို့စ် ပမာဏက မြန်မြန်မြင့်တက်သလို အစာကြေတာလည်း နှေးပါတယ်။

GI မြင့်တဲ့ အစားအစာတွေကို ပြောရမယ်ဆိုရင် ကောက်ညင်း၊ ဆီထမင်း၊ ယာဂုစတာတွေ ဖြစ်ပါ တယ်။

အသီးအနှံထဲမှာ GI မြင့်တဲ့ အရာတွေက ဖရဲသီး၊ နာနတ်သီးလို အသီးတွေက အစာမကြေဖြစ်တတ်ပါတယ်။ နောက်တစ်ခုက အမျှင်ဓာတ် (Fiber) များတဲ့ အစာတွေက တော်တော်နဲ့ အစာမကြေတတ်ပါဘူး။  ဥပမာ မှို၊ မျှစ်စတဲ့ အစာတွေဖြစ်ပါတယ်။

 

 

Most Popular

Healthy Life Ad
To Top