လရိပ်မေ မိခင်ဖြစ်သွားပြီဆိုတဲ့အတွက် ဂုဏ်ယူပါတယ်။ ကလေးမွေးပြီးအခါ အပျိုတုန်းကလိုတော့ ဗိုက်ကချပ်ရပ်နေမှာ မဟုတ်ပါဘူး။ အဲဒီလို ဗိုက်ပူတဲ့အခါ စိတ်အနှောင့်အယှက်မဖြစ်လိုက်ပါနဲ့။ ဗိုက်ချပ်အောင်ပြုလုပ်နိုင်မယ့် ထိရောက်တဲ့ လေ့ကျင့်ခန်းတွေရှိပါတယ်။ သင်က သဘာဝအတိုင်း ကလေးမွေးထားရင် ဒီလေ့ကျင့်ခန်းတွေကို ကလေးမွေးပြီး တစ်လကြာချိန်မှာ ပြုလုပ်နိုင်ပါတယ်။ ဗိုက်ခွဲမွေးထားရင် ကလေးမွေးပြီး...
၊ ကိုထက် ၊ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၁ ရက်နေ့က စတက်ဖနီ အင်ဂျလီကိုဟာ သမီးလေးအိုလီဗီရာကို ဗိုက်ခွဲမွေးဖွားခဲ့ပါတယ်။ မွေးဖွားပြီး မကြာခင် သမီးငယ်က မိခင်မျက်နှာကို ထိတွေ့ဖို့လက်လှမ်းခဲ့ပြီး ထိတွေ့ခဲ့တဲ့ပုံကို ဘရစ္စဘိန်းမှ မွေးဖွားခန်းဓာတ်ပုံဆရာ ဆလီနာက အရယူနိုင်ခဲ့ပါတယ်။ မိခင်မျက်နှာကို...
မေး. ညီမလေးက ကလေးအမြွှာကို ခွဲမွေးထားပါတယ်။ မွေးပြီး၂ရက်မြောက်နေ့ကစပြီး ဗိုက်ကဖောင်းနေပါတယ်။ ကလေးက ၃လပြည့်ပါပြီ။ အသိဆရာဝန်က ညီမလေးကို အူကျွံနေတာလို့ပြောပါတယ်။ ဗိုက်ပြန်ခွဲရမယ်လို့လည်း ပြောပါတယ်။ အခုပြန်ခွဲဖို့ စီစဉ်နေပါတယ်။ အူကျွံရခြင်းအကြောင်းကို သိချင်ပါတယ်ရှင်။ Nyein Nyein (FB) ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု...
၊ ကိုထက် ၊ အမျိုးသမီးတစ်ယောက် ကလေးမီးဖွားပြီးနောက် နှလုံးရပ်ခဲ့ပြီး ပြန်လည်သတိရလာချိန်မှာ မှတ်ဉာဏ်ပျောက်ခဲ့တဲ့ အဖြစ်အပျက် ဝေလပြည်နယ်မှာ ဖြစ်ပွားခဲ့ပါတယ်။ အသက် ၂၂ နှစ်ရှိပြီဖြစ်တဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးလေးဟာ သူမရဲ့သားလေး နီကို ကိုမွေးဖွားပြီးနောက် အလွန်ရှားပါးလှတဲ့ ရေမြွှာဆိပ်တက်ဝေဒနာတစ်မျိုးကြောင့် နှလုံးရပ်သွားခဲ့ပါတယ်။...
ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာအထူးကု ဆရာဝန်ကြီး) မေး. ကလေးမွေးပြီး မိခင်တွေက ဘယ်လိုအာဟာရဓာတ်တွေ အထူးလိုအပ်ပါသလဲ။ ဘယ်လိုအစားအသောက်တွေ စားသောက်ပေးသင့်ပါသလဲ။ ဖြေ. ကလေးမွေးပြီးကာစ မိခင်တစ်ယောက်အတွက် တစ်နေ့တာ ကယ်လိုရီလိုအပ်ချက်က ၂၅၀ဝ ကယ်လိုရီနဲ့ ၃၀ဝ၀ ကယ်လိုရီအကြားဖြစ်ပါတယ်။ ကလေးကို မိခင်နို့ချိုတိုက်ပြီးတိုင်း ကယ်လိုရီပိုစားဖို့လိုပါတယ်။...
ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး – အငြိမ်းစား) စာရေးသူ ကုသခဲ့တဲ့ လူနာတွေ၊ လူနာရဲ့ မိသားစုဝင်တွေ၊ ဆွေမျိုးမိတ်ဆွေတွေ၊ စိတ်ကျန်းမာရေး သင်တန်းသားတွေနဲ့ စိတ်ကျန်းမာရေးဝန်ထမ်းတွေက သူတို့သိချင်တဲ့ စိတ်ကျန်းမာရေး ပြဿနာတွေကို မေးမြန်းလေ့ရှိပါတယ်။ အဲဒီအတွေ့အကြုံတွေကို ပြန်လည်စဉ်းစားပြီး “ရှင်းပြပါဆရာ” ဆောင်းပါးစဉ်ကို...