International
အသက်ကယ်ထောက်ပံ့မှုရပ်တန့်ရန် ဆရာဝန်တို့၏ကြိုးပမ်းချက်ကို ဖခင်ဖြစ်သူကဆန့်ကျင်ပြီးနောက် သတိလစ်မေ့မျောနေသည့် သမီးလေးနိုးထလာ
၊ မိုးမင်းထွန်း ၊ အသက်တစ်နှစ်အရွယ် ကလေးငယ်မာဝါဟာ ဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် လွန်ခဲ့တဲ့စက်တင်ဘာလကတည်းက ဆေးပညာအရ သတိလစ်မေ့မျောအောင်ပြုလုပ်ထားတဲ့ အခြေအနေတစ်ခုမှာ ရှိနေခဲ့ပါတယ်။ ဒီအခြေအနေက ဦးနှောက်အမြှေးရောင်ရမ်းမှုလို ဗိုင်းရပ်စ်ကူးစက်ခံရတဲ့အခါနဲ့ ဦးနှောက်ထိခိုက်ဒဏ်ရာရမှု ဖြစ်ပွားတဲ့လူနာတွေကို ကာကွယ်ဖို့ရည်ရွယ်တာဖြစ်ပါတယ်။ ဆေးအမျိုးအစားတစ်မျိုးနဲ့ ဦးနှောက်လုပ်ငန်းဆောင်တာတွေ ရပ်တန့်အောင်ပြုလုပ်ပေးပြီး အသက်ရှူတာ၊ သွေးဖိအားနဲ့နှလုံးခုန်မှန်ဖို့...