Child
ကလေးခေါင်း အနည်းငယ်ထိခိုက်ဒဏ်ရာရခြင်း (Minor Head Injury / Concussion)
ဒေါက်တာသီရိ (MBBS,MPH,DCH) တစ်ခါတရံ ကလေးတွေဆော့ကစားရင်းဖြစ်စေ၊ မတော်တဆဖြစ်စေ ခေါင်းကိုထိခိုက်မှုဖြစ်တဲ့အခါ မိဘအုပ်ထိန်းသူတွေအနေနဲ့ ဆေးရုံပို့ရမှာလား၊ ဦးနှောက်ထိပြီး ဉာဏ်ရည်တွေ နိမ့်သွားတော့မှာလား၊ အသက်အန္တရာယ်များရှိလား စသဖြင့် စိုးရိမ်ပူပန်မှုများစွာဖြစ်စေပါတယ်။ ကလေးငယ်တွေအတွက် ခေါင်းပေါက်၊ ခေါင်းကွဲ၊ ဖူးရောင်တာတွေက ဖြစ်လေ့ရှိပါတယ်။ ဒါပေမဲ့ ဒါက စိုးရိမ်စရာလိုလား...