Child
ကလေးတို့ပါးစပ်ထဲက အဖြူဖတ်တွေက မှက္ခရုလား၊ နို့ပွေးလား
ဒေါက်တာသီရိ (MBBS, MPH, DCH) နို့ပွေး နို့ပွေးဆိုတာ ပါးစပ်ထဲကျန်ခဲ့တဲ့ နို့အစအနလေးတွေကြောင့်ဖြစ်တာပါ။ ရေစိုအဝတ်၊ ဂွမ်းလုံးလေးနဲ့ပွတ်ပြီး အလွယ်တကူဖယ်လို့ရပါတယ်။ အစားအသောက်မပျက်တတ်ပါဘူး။ နာကျင်တာမျိုးလည်း မခံစားရပါဘူး။ ပုံမှန်ခံတွင်းသန့်ရှင်းရေး လုပ်ပေးဖို့ပဲလိုပါတယ်။ မှက္ခရု မှက္ခရုကတော့ Candida လို့ခေါ်တဲ့ Yeast မှိုတစ်မျိုးကြောင့်ဖြစ်တာပါ။...