Life Style
အူကျ၍ နာကျင်ခြင်းအား ခွဲစိတ်ကုသမှု မခံယူလေလေ အူပိတ်နိုင်ခြေ မြင့်တက်လေလေ
ပါမောက္ခဦးအေးမွန် ခွဲစိတ်ဆရာဝန်ကြီး အူကျချိန်တွင် ပြန်ဝင်သွားသည့်အတွက် မခွဲဘဲမနေသင့်ကြောင်း၊ မခွဲဘဲထားချိန်ကြာလေလေ အူပိတ်နိုင်ခြေက မြင့်တက်လာလေလေဖြစ်ကြောင်း ခွဲစိတ်ဆရာဝန်ကြီး ပါမောက္ခဦးအေးမွန်က ဆိုသည်။ “အူကျတဲ့အချိန်က ကြာလေလေ၊ အူပိတ်နိုင်ခြေ များလေလေဖြစ်ပါတယ်။ အူကျတာကို ခွဲတာက အရေးပေါ်ခွဲရတာလည်း ရှိပါတယ်။ အေးအေးဆေးဆေးခွဲရတဲ့ အခြေအနေလည်းရှိပါတယ်။ အူကျတဲ့...