ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) အမျိုးသမီးတစ်ဝက်ကျော်ဟာ ဘဝမှာ တစ်ချိန်မဟုတ်တစ်ချိန်ဆိုသလို ရင်သားနာကျင်တဲ့ ဝေဒနာ ခံစားရတတ်ပါတယ်။ ရင်သားနာကျင်မှု အများစုကလည်း အန္တရာယ်မရှိသလို သူ့အလိုလို သက်သာသွားနိုင်ပါတယ်။ ဒါပေမဲ့ ရင်သားနာပြီဆိုရင် အမျိုးသမီး အတော်များများက ရင်သားကင်ဆာဖြစ်လေမလားလို့ စိုးရိမ်စိတ်ဝင်တတ်ကြပါတယ်။ ဒါကြောင့် ရင်သားနာကျင်မှု ဖြစ်တတ်တဲ့...
(၁) ရာသီလာခြင်း ရာသီမလာခင် တစ်ပတ်အလိုနဲ့ ရာသီစက်ဝန်း အတွင်း ရင်သားနာကျင်တာက ပုံမှန်ပဲ ဖြစ်ပါတယ်။ တချို့အမျိုးသမီးတွေက ရာသီမလာခင် တစ်ပတ်နဲ့ ရာသီလာပြီး တစ်ပတ်အကြာမှာ ရင်သားနာကျင်တဲ့ ဝေဒနာကို ခံစားရတတ်ပါတယ်။ ဒါက ရာသီစက်ဝန်း အတွင်း ရင်သားရောင်ရမ်းပြီး ထိခိုက်လွယ်နေလို့ဖြစ်...