Healthy Life Ad
Health Tips

ရင်သားနာကျင်မှု ဖြစ်ရသည့် အကြောင်းရင်း ၇ ရပ်

(၁) ရာသီလာခြင်း
ရာသီမလာခင် တစ်ပတ်အလိုနဲ့ ရာသီစက်ဝန်း အတွင်း ရင်သားနာကျင်တာက ပုံမှန်ပဲ ဖြစ်ပါတယ်။ တချို့အမျိုးသမီးတွေက ရာသီမလာခင် တစ်ပတ်နဲ့ ရာသီလာပြီး တစ်ပတ်အကြာမှာ ရင်သားနာကျင်တဲ့ ဝေဒနာကို ခံစားရတတ်ပါတယ်။ ဒါက ရာသီစက်ဝန်း အတွင်း ရင်သားရောင်ရမ်းပြီး ထိခိုက်လွယ်နေလို့ဖြစ် ရတာပါ။ ရာသီစက်ဝန်းအတွင်း ဟော်မုန်း အပြောင်းအလဲ ကြောင့်လည်း ရင်သားနာကျင်တတ်ပါတယ်။

(၂) မိခင်နို့ချိုတိုက်ကျွေးခြင်း
မိခင်နို့ချို တိုက်ကျွေးတဲ့ အမျိုးသမီးတွေက မိခင်နို့ချို တိုက်ကျွေးသည်ဖြစ်စေ၊ မတိုက်ကျွေးသည် ဖြစ်စေ ရင်သားနာကျင်တဲ့ ဝေဒနာ ခံစားရတတ်ပါတယ်။ သင့်အခြေအနေက ပိုဆိုးနေရင် ဒါမှမဟုတ် နာကျင်မှုက ပြင်းထန်ရင် ရင်သားရောင်ရမ်းတဲ့ လက္ခဏာတစ်ရပ်ပဲ ဖြစ်ပါတယ်။

(၃) ရင်သားရောင်ရမ်းခြင်း
နို့ပြွန်ပိတ်ဆို့တာကြောင့် ရင်သားရောင်ရမ်းမှု ဖြစ်တတ်ပါတယ်။ ရင်သားမှာ ပိုးဝင်တာကြောင့် ဖြစ်တတ်သလို ရင်သားရောင်ရမ်းတဲ့ လက္ခဏာတွေကတော့ ရင်သားနာကျင်တာ၊ ဖျားတာနဲ့ ရင်သားတစ်ဝိုက် နီမြန်းတာတို့ ဖြစ်ကြပါတယ်။

(၄) ကိုယ်ဝန်ရှိခြင်း
ကိုယ်ဝန်ရှိတဲ့ ပထမဆုံး လက္ခဏာတစ်ခုက ရင်သားနာကျင်တာပဲဖြစ်ပါတယ်။ ဟော်မုန်း အပြောင်းအလဲကြောင့် အမျိုးသမီးတွေမှာရင်သား အထိမခံဖြစ်တဲ့ ဝေဒနာရတတ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန် ပထမဆုံး သုံးလပတ်အတွင်း ရင်သားနာကျင်တဲ့ ဝေဒနာက ပိုဆိုးနိုင်ပါတယ်။

(၅) ရင်သားတွင် အရည်အိတ်ရှိခြင်း
ရင်သားမှာ ကင်ဆာမဟုတ်တဲ့ အရည်အိတ် ဖြစ်တာကြောင့် ရင်သား မသက်မသာဝေဒနာနဲ့ နာကျင်တဲ့ ဝေဒနာ ဖြစ်တတ်ပါတယ်။ ရင်သားမှာ အလုံးအဖုပေါ်ရင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။

(၆) ရင်သားပြည်တည်နာဖြစ်ခြင်း
ရင်သားတစ်သျှူးမှာ ပြည်တွေ စုပုံတာကြောင့် ကူးစက်ပိုးဝင်တဲ့ အခြေအနေကို ဖြစ်စေနိုင်ပါတယ်။ ကူးစက်ပိုးဝင်တာကြောင့် ရင်သားနာကျင်တဲ့ဝေဒနာ ခံစားရတတ်ပါတယ်။ နို့သီးခေါင်းမှာ ပျော့ပျောင်းတဲ့ အဖုတွေ့ရင် ဒါ ပြည်တည်နာ ဖြစ်နိုင်ပါတယ်။ နို့သီးခေါင်းထဲ ပိုးဝင်တာကြောင့် ဖြစ်တတ်ပါတယ်။

(၇) ရင်သားကင်ဆာဖြစ်ခြင်း
ရင်သားနာတာက ရင်သားကင်ဆာလက္ခဏာ တစ်ရပ်ဖြစ်ပါတယ်။ ရင်သားမှာ အလုံးအဖုပေါ်တာ၊ နို့သီးခေါင်း ချိုင့်ဝင်တာ၊ ရင်သား တစ်ဖက်နဲ့ တစ်ဖက် ပုံစံမတူတာ စတဲ့ ဝေဒနာလက္ခဏာတွေ ဖြစ်ပေါ်ရင် ရင်သားစစ်ဆေးမှု ခံယူဖို့ လိုအပ်ပါတယ်။
ကိုယ်နဲ့သင့်တော်တဲ့ ဘရာစီယာဝတ်ဆင်တာ၊ ရှလကာရည်နဲ့ သံပရာရည် သောက်တာ အစရှိတဲ့ နည်းတွေနဲ့ သာမန် ရင်သားနာကျင်မှု ဝေဒနာကို ကုစားနိုင်ပါတယ်။
စူး (ဆေးဝါးတက္ကသိုလ်)

Most Popular

Healthy Life Ad
To Top