International
ပေါင်၂၀အလေးချိန်ရှိ ဦးခေါင်းကြီး ဘင်္ဂလားဒေ့ရှ်ကလေးငယ် ခွဲစိတ်ရန် မတတ်နိုင်
၊ မိုးမင်းထွန်း ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းမှ နှစ်နှစ်သားအရွယ် အီမွန်ဟာ ပေါင်၂၀အလေးချိန်ရှိတဲ့ ဦးခေါင်းကြီးကို ပိုင်ဆိုင်ထားပါတယ်။ ခေါင်းရဲ့အလေးချိန်ကြောင့် ကလေးငယ်ဟာ စကားမပြောနိုင်၊ လမ်းမလျှောက်နိုင်ဖြစ်ပြီး ခြေလက်တွေကို တောင်မလှုပ်နိုင်ပါဘူး။ မိဘတွေက အနီးအနားက ဆရာဝန်တွေနဲ့ပြသခဲ့ပေမယ့် မသက်သာခဲ့ပါဘူး။ ရိုးရာကုထုံးတွေနဲ့ စမ်းသပ်ကြည့်ပေမယ့်လည်း မထူးခြားခဲ့ပါဘူး။...