Healthy Life Ad
International

ပေါင်၂၀အလေးချိန်ရှိ ဦးခေါင်းကြီး ဘင်္ဂလားဒေ့ရှ်ကလေးငယ် ခွဲစိတ်ရန် မတတ်နိုင်

၊ မိုးမင်းထွန်း ၊

ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းမှ နှစ်နှစ်သားအရွယ် အီမွန်ဟာ ပေါင်၂၀အလေးချိန်ရှိတဲ့ ဦးခေါင်းကြီးကို ပိုင်ဆိုင်ထားပါတယ်။

ခေါင်းရဲ့အလေးချိန်ကြောင့် ကလေးငယ်ဟာ စကားမပြောနိုင်၊ လမ်းမလျှောက်နိုင်ဖြစ်ပြီး ခြေလက်တွေကို တောင်မလှုပ်နိုင်ပါဘူး။ မိဘတွေက အနီးအနားက ဆရာဝန်တွေနဲ့ပြသခဲ့ပေမယ့် မသက်သာခဲ့ပါဘူး။ ရိုးရာကုထုံးတွေနဲ့ စမ်းသပ်ကြည့်ပေမယ့်လည်း မထူးခြားခဲ့ပါဘူး။

နောက်ဆုံးမှာတော့ ကလေးမှာ ဦးနှောက်အရည်စု ခေါင်းကြီးရောဂါ (Hydrocephalus) ရှိကြောင်း တွေ့ရှိခဲ့ပါတယ်။ ဒီရောဂါက ဦးခေါင်းခွံအတွင်းမှာ အရည်စုဖွဲ့မှုဖြစ်ပေါ်ပြီး ဦးနှောက်ဆီဖိအားသက်ရောက် စေကာ ဦးနှောက်ပျက်စီးမှုကို ဖြစ်ပေါ်စေတဲ့ ရောဂါအမျိုးအစားဖြစ်ပါတယ်။မွေးကင်းစကလေးငယ်ရဲ့ ကျောရိုးဟာ ကောင်းစွာမဖွံ့ဖြိုးတဲ့အခြေအနေမှာ ရောဂါဖြစ်ပွားလေ့ရှိတယ်လို့ သိရပါတယ်။ မကုသဘဲထားပါက ရေရှည်စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ မသန်စွမ်းမှုကိုဖြစ်ပေါ်စေပြီး ဦးနှောက် ပျက်စီးမှုဆီ ဦးတည်စေနိုင်ပါတယ်။

ဆရာဝန်တွေက နိုင်ငံခြားသို့သွားရောက်ပြီး ခွဲစိတ်ကုသမှုခံယူဖို့ အီမွန်ရဲ့မိဘတွေကို တိုက်တွန်းခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့ဟာ ဆင်းရဲတာကြောင့် ကလေးငယ်ရဲ့ခွဲစိတ်စရိတ်ကို မတတ်နိုင်ဘဲဖြစ်နေကြောင်းလည်း သိရပါတယ်။

Most Popular

Healthy Life Ad
To Top