Healthy Life Ad
Health Tips

နားကပ်အသစ်ကြောင့် နားကူးစက်ပိုးဝင်နေလျှင်

———၊ ငွေကြယ်စင်ယံ ၊———

နားကွင်း၊ နားကပ်၊ နားဆွဲ စတဲ့ နားအဆင်တန်ဆာတွေကြောင့် နားကိုက်ဝေဒနာ ခံစားနေရရင် လိုက်နာသင့်တဲ့ နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) နားအဆင်တန်ဆာကို ရုတ်တရက်ဆွဲမချွတ်လိုက်ပါနဲ့။ နားပေါက်ထဲကို ကူးစက်ပိုးဝင်သွားနိုင်ခြေ များတာကြောင့် နားကိုက်နေရင် ဆရာဝန်ဆီသွားပြီးမှ ချွတ်ပါ။

(၂) နားအဆင်တန်ဆာချွတ်ပြီး ကိုက်ခဲနာကျင်နေရင် အနံ့အသက်နဲ့ ဆိုးဆေးမပါဝင်တဲ့ ဆပ်ပြာနဲ့ အသာအယာ ပွတ်တိုက်ကာ ဆေးကြောသန့်စင်ပေးပါ။

(၃) ရေချိုးတဲ့အခါ နားက အထိမခံနိုင်လောက်အောင် နာကျင်နေရင် ဝါဂွမ်းစလေးနဲ့ ပွတ်တိုက်ပြီး သန့်စင်ပေးပါ။ ပြီးရင် ရေစင်အောင်သုတ်ပြီး ခြောက်သွေ့အောင်ထားပါ။

(၄) ပင်လယ်ဆား(Sea Salt)ဟာ ကူးစက်ပိုးတွေကို ကင်းဝေးစေတာကြောင့် ပင်လယ်ဆား လက်ဖက်စားဇွန်း လေးပုံတစ်ပုံနဲ့ ကြက်သီးနွေးရေ ရှစ်အောင်စခန့်ရောပြီး နားကို တစ်နေ့ နှစ်ကြိမ်-သုံးကြိမ်ခန့် သန့်စင်ပေးပါ။

(၅) သင့်အနေနဲ့ နားအဆင်တန်ဆာ အသစ်ပြောင်းတိုင်း မတည့်ဘဲ ကိုက်ခဲနာကျင်နေရင် မတည့်တဲ့ ကျောက်မျက်ရတနာကို မဝတ်ပါနဲ့တော့။ တချို ့လူတွေက စိန်နဲ့ဓာတ်မတည့်ဖြစ်တတ်ကြပြီး ရွှေကတော့ လူအများစုနဲ့ တည့်လေ့ရှိပါတယ်။

(၆) ကူးစက်ပိုးဝင်နေတဲ့ နားအဆင်တန်ဆာကိုတော့ ကိုယ့်ဘာသာကိုယ် ဆွဲမချွတ်လိုက်ပါနဲ့။ ဆေးခန်းကိုသွားပြီး ဆရာဝန်နဲ့ပြသပါ။

(၇) ဆရာဝန်ကပေးလိုက်တဲ့ ပဋိဇီဝပိုးသတ်ဆေးတွေကို ဆေးပတ်လည်တဲ့အထိ သောက်ပေးပါ။ နားကိုက်တာ သက်သာရုံနဲ့ ဆေးတွေကို ရပ်လိုက်တာမျိုးမလုပ်ပါနဲ့။

(Ref;wikihow)

Most Popular

Healthy Life Ad
To Top