Healthy Life Ad
Health Tips

ကျွန်မရဲ ့မိန်းမကိုယ် ဘာကြောင့်နာကျင်နေရတာလဲ

———၊ ငွေကြယ်စင်ယံ ၊———

အများအားဖြင့် မိန်းမကိုယ်နာကျင်တဲ့ဝေဒနာ ဖြစ်ပေါ်တဲ့အခါ လိင်ဆက်ဆံမှုကြောင့်လို့ ထင်တတ်ကြပေမယ့် တခြားပြင်းထန်တဲ့ အကြောင်းရင်းတွေကြောင့်လည်း ဖြစ်နိုင်ခြေရှိပါတယ်။ မိန်းမကိုယ်နာကျင်တဲ့အခါ နာကျင်မှုဖြစ်ပေါ်စေတတ်တဲ့ အဖြစ်များဆုံးအကြောင်းရင်းတွေကို ဆန်းစစ်နိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။

(၁) ရေယုန်ပေါက်ခြင်း

အမေရိကန် အရွယ်ရောက်သူခြောက်ဦးမှာ တစ်ဦးနှုန်းဟာ ဘဝမှာ တစ်ကြိမ်တစ်ခါတော့ လိင်မှတစ်ဆင့် ရောဂါပိုးကူးစက်ခံရတယ်လို့ ရောဂါကာကွယ်ထိန်းချုပ်ရေးစင်တာ လေ့လာမှုအရ သိရပါတယ်။ အများအားဖြင့် လိင်မှတစ်ဆင့် ကူးစက်တဲ့ ရောဂါပိုးကြောင့် ရေယုန်လို အရည်ကြည်ဖုပေါက်ကာ ပြင်းပြင်းထန်ထန် နာကျင်ရတတ်ပါတယ်။ မိန်းမကိုယ်မှာ ရေယုန်ပေါက်တဲ့အခါ ကိုယ့်ဘာသာ ဆေးမြီးတိုတွေနဲ့ ကုမနေဘဲ သားဖွားမီးယပ်အထူးကု ဆရာဝန်နဲ့ ချက်ချင်းပြကာ ဆေးကုသမှု ခံယူလိုက်ပါ။ ဒါမှ ရေယုန်ပြန့်နှုန်းနှေးပြီး နာကျင်မှုကို ထိန်းချုပ်နိုင်မှာပါ။

(၂) မိန်းမကိုယ်ခြောက်သွေ့ခြင်း

မိန်းမကိုယ်ခြောက်သွေ့တာကို သွေးဆုံးပြီး အမျိုးသမီးတွေမှာပဲဖြစ်တဲ့ ပြဿနာလို့ ထင်နေကြပါတယ်။ တကယ်တော့ ငယ်တဲ့အမျိုးသမီးတွေလည်း မိန်းမကိုယ်ခြောက်သွေ့မှုဖြစ်ပြီး လိင်ဆက်ဆံရာမှာ မသက်မသာဝေဒနာ ဖြစ်ပေါ်ကာ နာကျင်မှုခံစားရတတ်ပါတယ်။ အီစထရိုဂျင်က အစိုဓာတ်ထိန်းပေးနိုင်စွမ်း ရှိပါတယ်။ သန္ဓေတားဆေးမှာ အီစထရိုဂျင် ဟော်မုန်းနည်းတဲ့ ဆေးမှီဝဲရင် မိန်းမကိုယ်ရဲ ့ အစိုဓာတ်လျော့ကျနေပါလိမ့်မယ်။ မိန်းမကိုယ်က ခါတိုင်းလို ချောမွေ့စိုစွတ်မနေဘူးလို့ ခံစားရရင် ဆရာဝန်နဲ့ ပြသစစ်ဆေးသင့်နေပါပြီ။ အီစထရိုဂျင်လိမ်းဆေး ဒါမှမဟုတ် အီစထရိုဂျင်ပါတဲ့တားဆေး သောက်သုံးတာကြောင့် သက်သာနိုင်ပါတယ်။

(၃) မှိုစွဲခြင်း

မိန်းမကိုယ်မှိုစွဲတဲ့ ဝေဒနာရတဲ့အခါ မိန်းမကိုယ်တစ်ဝိုက်မှာ ခြောက်သွေ ့ယားယံပြီး ပြင်းပြင်းထန်ထန် နာကျင်တတ်ပါတယ်။ အဲဒီအခါ မှိုပိုးသတ်ခရင်မ်(Antifungal Cream)ခရင်မ် သုတ်လိမ်းပေးရုံနဲ့ ဝေဒနာသက်သာသွားမှာပါ။ သားဖွားမီးယပ်အထူးကုနဲ့ ပြသတဲ့အခါ မိန်းမကိုယ်နဲ့ တင်ပဆုံကွင်းစစ်ဆေးမှုလုပ်ကာ သင့်တော်တဲ့ဆေးကို ညွှန်ကြားမှာဖြစ်ပါတယ်။

(၄) လိင်ဆက်ဆံခြင်း

အိမ်ထောင်ဖက်နဲ့ အတူနေတိုင်း မိန်းမကိုယ်နာကျင်မှု ဖြစ်နေရင် ဆက်ဆံတဲ့အနေအထား ပြောင်းလဲဖို့ သားဖွားမီးယပ်အထူးကု ဆရာဝန်မင်ကင်က အကြံပြုထားပါတယ်။

(၅) တင်ပဆုံကွင်း ရောင်ရမ်းသောရောဂါ

တင်ပဆုံကွင်းရောင်ရမ်းတဲ့ရောဂါ ဒါမှမဟုတ် နေရာလွဲမှား သားအိမ်အတွင်းသားရောဂါကြောင့် ရာသီလာစဉ်နဲ့ လိင်ဆက်ဆံစဉ်တွေမှာ မိန်းမကိုယ်နာကျင်မှု ဝေဒနာ ခံစားရတတ်ပါတယ်။ ဒီလိုအခြေအနေကို အာထရာဆောင်းရိုက်တဲ့နည်း၊ တင်ပဆုံကွင်း စစ်ဆေးနည်းတွေ ပြုလုပ်ကာ အကိုက်အခဲပျောက်ဆေးနဲ့ ဟော်မုန်းကုထုံးတွေကို ဆရာဝန်က လိုအပ်သလိုပေးမှာ ဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top