Healthy Life Ad
Health Tips

လေ့ကျင့်ခန်းပြုလုပ်ခြင်းကြောင့် အိမ်ထောင်မှုသုခ ပြည့်ဝစေနိုင်

———၊ ကိုထက် ၊———

ပြေးတာ၊ စက်ဘီးစီးတာ၊ လမ်းလျှောက်တာ.. စတဲ့ လေ့ကျင့်ခန်းတွေကို ပုံမှန်ပြုလုပ်တာကြောင့် ကိုယ်အလေးချိန်ကျစေတယ်၊ ကိုယ်ခန္ဓာကြံ့ခိုင်သန်စွမ်းစေတယ်၊ ကျန်းမာရေးကို ပိုမိုကောင်းမွန်စေတယ် စသဖြင့် အကျိုးကျေးဇူးအများကြီး ရှိပါတယ်။ အခုဖော်ပြမယ့် အကြောင်းကတော့ လေ့ကျင့်ခန်းလုပ်တာက အိမ်ထောင်မှုသုခရရှိဖို့ ဘယ်လိုအထောက်အပံ့ပေးတယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

လေ့ကျင့်ခန်းနှင့် သက်လုံကောင်းခြင်း

လေ့ကျင့်ခန်းလုပ်တာကြောင့် နှလုံးနဲ့ အဆုတ်ရဲ ့ စွမ်းဆောင်ရည်နဲ့ ကြွက်သားတွေကို သန်စွမ်းစေပါတယ်။ ဒါကြောင့် ဇနီးမောင်နှံတွေကို သက်လုံပိုမို ကောင်းမွန်စေပါတယ်။

ကြံ့ခိုင်သန်စွမ်းမှု ပိုရှိလေလေ၊ ဆွဲဆောင်အား ပိုကောင်းလေလေ

လေ့ကျင့်ခန်းကို ပုံမှန်ပြုလုပ်တာကြောင့် သင့်အနေနဲ့ ပိုမိုကြံ့ခိုင်သန်စွမ်းမှုရှိလာပြီး ခန္ဓာကိုယ်အချိုးအစားကလည်း ပိုမိုကြည့်ကောင်းလာတာကို လက်တွေ့ခံစားရမှာပါ။ သင်ရဲ ့ အိမ်ထောင်ဖက်အနေနဲ့လည်း သင်က ပိုမိုကြည့်ကောင်းလာပြီး ဆွဲဆောင်မှုပိုရှိလာတာကို သတိပြုမိလာပါတယ်။

လေ့ကျင့်ခန်းနှင့် စွမ်းအင်အဆင့်

ပုံမှန်လေ့ကျင့်ခန်း လုပ်တာကြောင့် စွမ်းအင်အဆင့်ကို မြင့်တက်စေနိုင်ပါတယ်။ အကြောင်းကတော့ လေ့ကျင့်ခန်းလုပ်တာကြောင့် စိတ်ခံစားချက်ကောင်းမွန်စေတဲ့ အန်ဒေါ်ဖင်ဟော်မုန်းအဆင့်တွေ မြင့်တက်လာပြီး စွမ်းအင်တိုးစေပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုများပြီး ပင်ပန်းရတဲ့နေ့ရက်တွေမှာ ခံနိုင်ရည်ရှိပြီး စွမ်းအင်အဆင့်က မြင့်တက်နေတတ်ပါတယ်။

alignnone size-medium wp-image-60872
လေ့ကျင့်ခန်းနှင့် သွေးလှည့်ပတ်မှု ကောင်းမွန်ခြင်း

လေ့ကျင့်ခန်းလုပ်တာကြောင့် အိမ်ထောင်ရှင်အမျိုးသားနဲ့ အမျိုးသမီးတို့ရဲ ့ မျိုးဆက်ပွားအင်္ဂါတွေကို ကျန်းမာစေပါတယ်။ အကြောင်းကတော့ လေ့ကျင့်ခန်းလုပ်တာက သွေးကြောတွေနဲ့ နာ့ဗ်ကြောတွေကို သွေးထောက်ပံ့မှု ပိုကောင်းလို့ပါ။ မျိုးဆက်ပွားအင်္ဂါတွေဆီ သွေးလှည့်ပတ်မှုကောင်းမွန်တာက စွမ်းဆောင်အား ပိုကောင်းစေပါတယ်။

လေ့ကျင့်ခန်းနှင့် ပန်းသေပန်းညှိုးရောဂါ

ပန်းသေပန်းညှိုးရောဂါက သွေးလှည့်ပတ်မှုမကောင်းတာကြောင့် ဖြစ်တတ်တာကြောင့် လေ့ကျင့်ခန်းလုပ်တာက ဒီစိတ်အနှောင့်အယှက် ဖြစ်စရာကောင်းတဲ့ အခြေအနေကို လျော့ကျစေနိုင်ပါတယ်။ အမျိုးသားအများစုဟာ ပန်းသေပန်းညှိုးဖြစ်တဲ့အခါ စိတ်ဓာတ်ကျတာလို စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ထိခိုက်တတ်ပါတယ်။ လေ့ကျင့်ခန်းလုပ်တာကြောင့် သွေးလှည့်ပတ်မှုကောင်းရင် ပန်းသေပန်းညှိုးဖြစ်နိုင်ခြေ လျော့ကျစေပြီး အိမ်ထောင်မှုသုခ ပြည့်ဝစေပါတယ်။

လေ့ကျင့်ခန်းနှင့် စိတ်ဖိစီးမှုအဆင့်

နေ့စဉ်ဘဝမှာ စိတ်ဖိစီးမှုများနေရင် အိမ်ထောင်မှုသုခကို ထိခိုက်စေနိုင်ပါတယ်။ ပြေးတာနဲ့ စက်ဘီးစီးတာတို့လို လေ့ကျင့်ခန်းလုပ်တာက ကိုယ်တွင်းမှာကောင်းတဲ့ ဟော်မုန်းတွေ အထွက်တိုးလာပြီး စိတ်ဖိစီးမှုအဆင့်ကို လျော့ကျစေပါတယ်။

သတိပြုရန်-လေ့ကျင့်ခန်းအပြင်းအထန် ပြုလုပ်ခြင်းကို ရှောင်ပါ

လေ့ကျင့်ခန်းကို အပြင်းအထန်လုပ်တာက အိမ်ထောင်မှုသုခကို ထိခိုက်စေပါတယ်။ လေ့ကျင့်ခန်းလုပ်ရာမှာ အသင့်အတင့်နဲ့ ပုံမှန်ပဲ ပြုလုပ်ပေးပါ။ ပြေးတာ၊ စက်ဘီးစီးတာ စတဲ့ လေ့ကျင့်ခန်းတွေကို လိုတာထက်ပိုပြီး အလွန်အမင်းလုပ်ရင် အမျိုးသားတွေမှာ တက်စတိုစတီရုန်းဟော်မုန်းအဆင့် လျော့ကျစေပြီး လိင်စိတ်လျော့နည်းတတ်ပါတယ်။ ဒါ့အပြင် လေ့ကျင့်ခန်းအပြင်းအထန် လုပ်တာကြောင့် ကိုယ်ခံစွမ်းအားစနစ်ကိုလည်း ထိခိုက်စေပြီး စိတ်ပင်ပန်း၊ လူပင်ပန်း ဖြစ်ရတတ်ပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းကို တစ်နေ့နာရီဝက်ခန့် ချွေးထွက်တဲ့အထိသာ ပုံမှန်ပြုလုပ်သွားရင်း ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးကို တည်ဆောက်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ရပါမယ်။

Most Popular

Healthy Life Ad
To Top