Healthy Life Ad
Life Style

စိတ်ပိုင်းဆိုင်ရာ သန်စွမ်းသူတို့ ပြုလုပ်နေကျအကျင့် ၁၀ ရပ်

———၊ လရိပ်မေ ၊———

(၁) ဘာဖြစ်ဖြစ် ရှေ ့ဆက်လျှောက်ကြတယ်

သူတို့က ဝမ်းနည်းတဲ့ ခံစားချက်နဲ့ အချိန်မဖြုန်းတတ်ကြပါဘူး။

(၂) ထိန်းချုပ်နိုင်စွမ်း ရှိကြတယ်

သူတို့က သူတို့အစွမ်းကို အလဟသ အဖြစ်မခံတတ်ကြပါဘူး။ ကိုယ့်ကိုယ်ကိုယ်လည်း ထိန်းချုပ်နိုင်စွမ်း ရှိကြပါတယ်။

(၃) ပြောင်းလဲမှုကို လိုလားတယ်

သူတို့က စိန်ခေါ်မှုတွေကိုကြိုဆိုပြီး အပြောင်းအလဲကို လိုလားကြပါတယ်။

(၄) ပျော်ရွှင်ကြတယ်

ဘာနဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ် အတွန့်မတက်တတ်ပါဘူး။ သူတို့မထိန်းချုပ်နိုင်တဲ့ အရာတွေအပေါ် စွမ်းအင်အဆုံးရှုံး မခံတတ်ကြဘူး။

(၅) ကြင်နာတတ်တယ်

သူတို့က ကြင်နာတတ်တယ်၊ မျှတတယ်၊ ကိုယ့်ရပ်တည်ချက်ကိုပြောဖို့ မကြောက်ဘူး။ တခြားသူတွေကျေနပ်ဖို့ စိတ်ပူမနေဘူး။

(၆) ကြုံလာနိုင်တဲ့ အန္တရာယ်တွေကို ကြိုတင်မျှော်မှန်း ရင်ဆိုင်နိုင်ကြတယ်

တစ်ခုခုကိုမဆုံးဖြတ်ခင် အားသာချက်နဲ့ အားနည်းချက်ကို အမြဲချိန်ဆ ဆုံးဖြတ်လေ့ရှိကြတယ်။

(၇) လက်ရှိအချိန်ကာလမှာပဲ စွမ်းအင်ထည့်ထားတယ်

အတိတ်ကာလကိုတွေးပြီး အချိန်ဖြုန်းမနေတတ်ဘူး။

(၈) အတိတ်က အပြုအမူတွေအတွက် တာဝန်ယူမှုအပြည့်ရှိတယ်

တူညီတဲ့ အမှားတွေကိုပဲ ထပ်ခါထပ်ခါ မပြုလုပ်တော့ဘူး။

(၉) တခြားသူတွေရဲ ့အောင်မြင်မှုကို ဂုဏ်ပြုတယ်

တခြားသူတွေ ဘာကြောင့် အောင်မြင်ရတာလဲဆိုတာ အမြဲတမ်းဆန်းစစ်တယ်၊ ဂုဏ်ယူတယ်။

(၁၀) အရှုံးကနေ ရုန်းထတယ်

အရှုံးနဲ့ ရင်ဆိုင်ရပြီးချိန်မှာ ဒါက တိုးတက်ဖို့ အခွင့်အရေးပဲလို့ မြင်တယ်။

(၁၁) တစ်ယောက်တည်းလည်း ပျော်ပျော်နေတယ်

တစ်ယောက်တည်းရှိမှာကို မကြောက်တတ်ပါဘူး။

(၁၂) အလုပ်လုပ်ဖို့နဲ့ အောင်မြင်ဖို့ပဲ မျှော်မှန်းတယ်

ကမ္ဘာကြီးက သူတို့ကို လွှမ်းမိုးထားတယ်ဆိုတဲ့ ခံစားချက်နဲ့ မနေတတ်ကြပါဘူး။

(၁၃) အစွမ်းရှိသလောက် အားထုတ်တယ်

ချက်ချင်း ရလဒ်ကောင်းရလာဖို့ မမျှော်လင့်ထားဘူး။

(၁၄) အကျိုးအမြတ်ကို ဆန်းစစ်တယ်

ရလာတဲ့ အကျိုးအမြတ်ကို အမြဲဆန်းစစ် အကဲဖြတ်ကြပါတယ်။

(၁၅) စိတ်စွမ်းအင်ကို ဉာဏ်ရှိရှိ အသုံးချတယ်

အလုပ်မတွင်တဲ့ အတွေးတွေနဲ့ အချိန်ဖြုန်းမနေတတ်ဘူး။

(၁၆) အလုပ်ဖြစ်မယ့်အတွေးကိုပဲ တွေးတယ်

အဆိုးမြင်အတွေးတွေကို အလုပ်ဖြစ်မယ့် အတွေးတွေနဲ့ အစားထိုးတတ်တယ်။

(၁၇) မသက်မသာဖြစ်မှုကို ခံနိုင်ရည်ရှိအောင် ကြိုးစားတယ်

ကိုယ့်ကိုယ်ကိုယ် ဖိစီးမှုဖြစ်စေတဲ့ ခံစားချက်တွေကို လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲတယ်။

(၁၈) နေ့စဉ် တိုးတက်မှုကို မျှော်လင့်တယ်

နေ့တိုင်း ဘာတွေအောင်မြင်ခဲ့ပြီလဲ၊ ဘာတွေ ဆက်လုပ်မလဲဆိုတာ အချိန်ယူစဉ်းစားတယ်။

Most Popular

Healthy Life Ad
To Top