Healthy Life Ad
Health Tips

နာတာရှည်ကြို ့ထိုးနေပါက အခြေခံကျန်းမာရေးပြဿနာ ရှိ၊ မရှိ စစ်ဆေးရန်လိုအပ်

———၊ လရိပ်မေ ၊———

ရိုးရိုးကြို ့ထိုးသော ဝေဒနာမှာ အချိန်အနည်းငယ်ခန့်အတွင်း ပျောက်ကင်းသက်သာသွားလေ့ ရှိသော်လည်း နာရီများစွာကြို ့ထိုးနေပါက ကြို ့ထိုးစေသော အခြေခံရောဂါ ရှိ၊ မရှိ ရှာဖွေစစ်ဆေးရန် လိုအပ်ကြောင်း အထွေအထွေအထူးကု ဆရာဝန်ကြီးတစ်ဦးက ဆိုသည်။

“နာတာရှည်ကြို ့ထိုးတာနဲ့ ဆက်စပ်နေတဲ့ ကျန်းမာရေးပြဿနာတွေ ရှိပါတယ်။ အဲဒါတွေကတော့ အသည်းရောဂါတစ်ခုခု (ဥပမာ- အသည်းကင်ဆာ၊ အသည်းပြည်တည်နာ)၊ ရင်ဝမ်းခြားကြွက်သား (Diaphragm)ကို ထိန်းချုပ်ထားတဲ့ အာရုံကြော (Phenic Nerve) ရဲ ့ လုပ်ငန်းဆောင်တာချို့ယွင်းပြီး Diaphragm လှုပ်ရှားမှုမမှန်တာ၊ Diaphragm နဲ့ ကပ်နေတဲ့ အဆုတ်ရဲ့အောက်ပိုင်းမှာ ရောဂါတစ်ခုခုရှိတာတွေကြောင့် နာတာရှည်ကြို ့ထိုးတတ်တယ်။ လေဖြတ်တဲ့သူ၊ ကျောက်ကပ်အလုပ်မလုပ်တဲ့ရောဂါ (Kidney Failure) ရှိသူတွေမှာလည်း နာတာရှည်ကြို့ထိုးတတ်ပါတယ်”ဟု ၄င်းက ရှင်းပြသည်။

ရိုးရိုးကြို ့ထိုးခြင်းမှာ အစားအသောက်မြန်မြန်စားခြင်း၊ များများစားခြင်းနှင့် အစာစားစဉ် အခန့်မသင့်ခြင်းတို့ကြောင့် အဖြစ်များပြီး အစာနှင့်မဟုတ်ဘဲ လေနှင့် ဗိုက်တင်းပါက ဖြစ်လေ့ရှိသည်။ အချိန်ပိုင်းကြို့ထိုးခြင်းကို အသက်အောင်ပြီး ရေသောက်ခြင်း၊ အသက်မရှူဘဲအောင့်ထားပြီး မနေနိုင်မှ လေကို တစ်ဝကြီးရှူသွင်းခြင်း၊ ရေခဲရေသောက်ခြင်း၊ ရေခဲတုံးကိုမျိုနိုင်သလောက် ပမာဏမျိုချခြင်း၊ ကြို ့ထိုးနေသူကို ထိတ်လန့်အောင် လှန့်လိုက်ခြင်း စသော နည်းလမ်းများဖြင့် သက်သာသွားလေ့ရှိသည်။

မိနစ်ပိုင်းထက်ပိုကြာပြီး နာရီနှင့်ချီကာ ကြို့ထိုးနေပါက အခြေခံရောဂါကို စစ်ဆေးရှာဖွေရန် ဆရာဝန်တစ်ဦးနှင့်ပြသရန် လိုအပ်ကြောင်း ၄င်းက ဆက်လက်ရှင်းပြခဲ့သည်။

Most Popular

Healthy Life Ad
To Top