Healthy Life Ad
Health Tips

Stay At Home မြို ့နယ်များတွင် ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်ကို ခေတ္တရွှေ့ဆိုင်း

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကူးစက်ပျံ့နှံ့မှု မြင့်မားနေတဲ့ မြို့နယ်တွေမှာ မိမိနေအိမ်မှာပဲနေဖို့ (Stay At Home) ညွှန်ကြားထားတဲ့ မြို ့နယ်တွေမှာ (၂၀၂၀) ပြည့်နှစ်၊ အောက်တိုဘာလမှာ ဆောင်ရွက်ရမယ့် ပုံမှန်ကာကွယ်ဆေးထိုး/တိုက် အစီအစဉ်တွေကို Stay At Home ကြေညာချက် ပယ်ဖျက်တဲ့အချိန်ထိ ခေတ္တရွှေ့ဆိုင်းသွားမှာ ဖြစ်တယ်လို့ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းထံမှ သိရပါတယ်။

မိမိနေအိမ်တွင် နေထိုင်ဖို့ (Stay At Home) ထုတ်ပြန်ထားခြင်းမရှိတဲ့ မြို့နယ်တွေမှာတော့ ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်ကို ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ကာကွယ်ဆေးထိုးစုရပ်တွေကနေ ကာကွယ်ဆေးထိုးပေးသူ ကျန်းမာရေးဝန်ထမ်းတွေ၊ မိဘတွေနဲ့ ကလေးငယ်လေးတွေကို COVID-19 ရောဂါကနေ ကာကွယ်နိုင်အောင် လိုက်နာရမယ့်အချက်တွေကတော့-

♦ မိဘပြည်သူများ ကာကွယ်ဆေးထိုးစုရပ်ကို လာတဲ့အခါမှာ ပါးစပ်နှင့်နှာခေါင်းစည်း (mask) ဝတ်ဆင်ခြင်း၊

♦ ကလေးငယ်တွေကို ကလေးမျက်နှာကာ (baby face shield) (ဒါမှမဟုတ်) ပုဝါ/အနှီး အုပ်လာခြင်း၊

♦ ကာကွယ်ဆေးထိုးစုရပ်ထဲမဝင်ခင်မှာ ရေနဲ့ဆပ်ပြာသုံးပြီး စက္ကန့် (၂၀) ခန့် လက်ဆေးခြင်း (သို့မဟုတ်) အရက်ပြန် ၆၀ ရာခိုင်နှုန်းပါဝင်တဲ့ လက်သန့်ဆေးရည်နဲ့ လက်ဆေးခြင်းတို့ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ကာကွယ်ဆေးထိုးစုရပ်မှာ လူစုလူဝေးမဖြစ်စေဖို့အတွက် မိဘပြည်သူတွေက သက်ဆိုင်ရာ ကျန်းမာရေးဌာနကို ဖုန်းနဲ့ဆက်သွယ်ပြီး ကြိုတင်ရက်ချိန်းရယူဖို့ လိုအပ်တယ်လို့ သိရပါတယ်။ ကာကွယ်ဆေးမထိုးလိုက်ရတဲ့ ကလေးတွေကို မထိုးရသေးတဲ့ ကာကွယ်ဆေးအကြိမ်အရေအတွက် အပြည့်အဝ ပြန်လည်ထိုးနှံပေးမှာဖြစ်လို့ စိတ်မပူသင့်ကြောင်းနဲ့ ကာကွယ်ဆေးထိုး မှတ်တမ်းကတ်ပြားလေးတွေကို သေချာသိမ်းထားကြဖို့ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းက ထုတ်ပြန်ထားပါတယ်။

Most Popular

Healthy Life Ad
To Top