Healthy Life Ad
Health Tips

ပုသိမ်ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးရုံတက်နေသော (၉၈) နှစ်အရွယ်အဘွား သက်သာ၍ ဆေးရုံဆင်းပြီ

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

ပုသိမ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူများထဲ၌ အသက်အကြီးဆုံးဖြစ်သည့် ၉၈ နှစ်အရွယ် အဘွားသည် စက်တင်ဘာ ၂၉ ရက်နေ့က ဆေးရုံဆင်းနိုင်ခဲ့ပြီဖြစ်ကြောင်း ပုသိမ် ကုတင် ၅၀ဝ ဆံ့ တိုင်းဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်က Healthy Life မီဒီယာသို့ ပြောသည်။

အဘွားရဲ့သားက စားသုံးသူရေးရာ ဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူး၊ ရန်ကုန်မှာ အစည်းအဝေးတက်ပြီး အပြန်မှာ ကူးလာတာ၊ သူစကူးလာပြီး အဘွားအပါအဝင် သူ့မိသားစုအားလုံး ကူးသွားတာ၊ အဘွားအနေနဲ့ ကံကောင်းတာက ရောဂါလက္ခဏာ ဘာမှမပြခဲ့ဘူး။ ရိုးရိုးချောင်းဆိုးတာနဲ့ပဲ ရောက်လာတာ။ အဘွားကို အိပ်ရေးဝအောင် အိပ်ခိုင်းတယ်၊ အားရှိအောင် စားခိုင်းတယ်၊ ဆေးတောင်မထိုးလိုက်ရဘူး။ တစ်ရက်၊ နှစ်ရက်လောက်ကြာတော့ သက်သာသွားတယ်”ဟု ဒေါက်တာသန်းမင်းထွဋ်က ပြောသည်။

အခြေခံရောဂါဝေဒနာ မရှိသည့် အဘွားသည် ကျန်းမာရေးနှင့် ညီညွတ်စွာ နေထိုင်စားသောက်ပြီး ကောင်းမွန်စွာ အိပ်စက်အနားယူမှု၊ မိသားစုဝင်များ၏ ဂရုစိုက်ပြုစုမှု၊ ပုသိမ်ဆေးရုံ ကျန်းမာရေး မိသားစုများ၏ စနစ်တကျ ကျန်းမာရေးစောင့်ရှောက်မှုများနှင့် ကျန်းမာလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“(၉၈) နှစ်အသက်နဲ့ ကိုဗစ်ဖြစ်မှ ဖြစ်ပါ့မလားလို့ စိတ်တထင့်ထင့် နေခဲ့ရသမျှ ကျေနပ်ပျော်ရွှင်ခဲ့ရပါပြီ။ ဆေးရုံအဆင်းမှာ ပြုံးပျော်နေတဲ့ အဘွားနဲ့ အသက် (၅) နှစ်အရွယ် မြေး၊ ချွေးမတို့ကို အမှတ်တရ ဓာတ်ပုံရိုက်ယူခဲ့ပါတယ်။ တစ်မိသားစုလုံး ကိုဗစ်ကူးစက်ခံခဲ့ရပေမယ့် အခုအခါမှာတော့ ပျော်ရွှင်စွာ အိမ်ပြန်နိုင်ခဲ့ကြပါပြီ။ အဘွားမိသားစုရဲ ့ ခွင့်ပြုချက်နဲ့ ဒီပုံလေးကို တင်ပေးလိုက်ပါတယ်။ ကိုဗစ်လူနာအားလုံး ကျန်းမာချမ်းသာကြပါစေ”ဟု ဒေါက်တာသန်းမင်းထွဋ်က ပြောကြားလိုက်ပါသည်။

Most Popular

Healthy Life Ad
To Top