Healthy Life Ad
Health Tips

နာကျင်မှုကင်းကင်းနဲ့ ပိုကျန်းမာတဲ့ဘဝ ပိုင်ဆိုင်စေမယ့် နည်း ၁၀

(၁) ဗီတာမင်အားဆေး မှီဝဲပါ။

(၂) သဘာဝအစားအသောက်တွေ စားသောက်ပါ။ ပြုပြင်ထားတာတွေ လျှော့ပါ။

(၃) အချိုရည် မသောက်သင့်ပါ။ အချိုရည်တစ်ဘူးမှာ သကြား ၃၉ ဂရမ်တောင် ပါဝင်လို့ပါ။

(၄) အချိုရည်အစား၊ အယ်လ်ကိုဟောပါတဲ့ အရည်အစား ရေသောက်ပါ။

(၅) သဘာဝအိမ်တွင်းကုထုံး သုံးပါ။ ဓာတုပစ္စည်းနည်းလေ၊ ပိုကောင်းလေ။

(၆) ခန္ဓာကိုယ်ကို လှုပ်ရှားပါ။ ချွေးထွက်တာက ပျော်ရွှင်ကျန်းမာစေတဲ့ နည်းဖြစ်ပါတယ်။

(၇) ကိုယ့်ခန္ဓာကိုယ် ကျန်းမာရေးကို အလေးထားပါ။

(၈) ဝါသနာပါတဲ့ အလုပ်နဲ့ စိတ်ကိုဖြေလျှော့ပါ။ ပန်းချီဆွဲတာ၊ စာဖတ်တာတို့နဲ့ပေါ့။

(၉) တီဗီနဲ့ ဖုန်းလျှော့သုံးပါ။ ဦးနှောက်ထဲကို အမှိုက်တွေသိပ်မထည့်ပါနဲ့။

(၁၀) အိပ်ရေးဝ၀ အိပ်စက်အနားယူပါ။

Most Popular

Healthy Life Ad
To Top