Healthy Life Ad
Q & A

ပြည်တွင်းဖြစ်ဆပ်ပြာဆီ ပိုးကင်းအောင် ဆေးနိုင်ရဲ့လား . .

—၊ ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။ ၊—

Q. အခုအခါမှာ အိမ်တွင်းထုတ်ကုန် လုပ်ငန်းတစ်မျိုးဖြစ်တဲ့ ဆပ်ပြာဆီကို ဘက်စုံသုံးလို့ရတယ်၊ လက်ဆေးလို့ရတယ်ဆိုပြီး ရောင်းချနေပါတယ်။ အဲဒီဆပ်ပြာဆီက အမှန်တကယ် လက်နဲ့ အိုးခွက်ပန်းကန်တွေကို ပိုးမွှားကင်းအောင် ဆေးကြောနိုင်ပါသလား။
ဦးသန့်ဇင်၊ ကျောက်တံတား။

A. ပုံမှန်သုံးနေတဲ့ ဆပ်ပြာနဲ့ ဆပ်ပြာဆီက သန့်ရှင်းရေးကိစ္စတွေမှာ သုံးပါတယ်။ လက်ပဲဆေးဆေး၊ ပန်းကန်ပဲဆေးဆေး သန့်ရှင်းသန့်ပြန့်အောင် သုံးပါတယ်။ တခြားအမျိုးအစားအနေနဲ့ ဘက်တီးရီးယားကင်းစေတဲ့ ဆပ်ပြာ (acteria soap) ဆိုပြီး သပ်သပ်ထွက်တာလည်း ရှိပါတယ်။ ပုံမှန်ဆပ်ပြာကလည်း ရေနဲ့သေချာ သန့်စင်ဆေးကြောလိုက်ရင် လက်မှာရှိတဲ့ အန္တရာယ်ရှိရောဂါပိုးမွှားတွေကို ဆေးကြောသန့်စင်နိုင်တယ်လို့ လေ့လာမှုတွေက ဆိုထားပါတယ်။ ဒါကြောင့် ဆပ်ပြာဆီကိုလည်း အိုးခွက်ပန်းကန် သန့်ရှင်းရေးကော လက်ဆေးရာမှာပါ သုံးလို့ရပါတယ်။

Most Popular

Healthy Life Ad
To Top