Healthy Life Ad
Health Tips

ကလေးမျက်လုံးထဲတွင် ဖြစ်နေသော ကင်ဆာကို မိခင်ဖြစ်သူမှ ဓာတ်ပုံရိုက်ရင်း တွေ့ရှိခဲ့

———၊ ကိုထက် ၊———

အမ်မလီစမစ်တို့ မိသားစုဟာ အင်္ဂလန်တောင်ပိုင်းရှိ ကမ်းရိုးတန်းဒေသတစ်ခုမှာ နေထိုင်ကြသူတွေဖြစ်ပြီး အသက် ၂၃ နှစ်အရွယ် အမ်မလီစမစ်မှာ သားလေးတစ်ယောက်ရှိပါတယ်။ သူရဲ့သားလေးဂျက်ဆမ် အသက် ၁၁ လသားအရွယ်မှာ အလှဓာတ်ပုံလေးတစ်ပုံရိုက်ခဲ့ရာ ဓာတ်ပုံထဲက ကလေးမျက်လုံးတစ်ဖက်မှာ မှုန်ဝါးဝါးအဖြူရောင် အစက်လေးတစ်ခုကို စတင်သတိထားမိခဲ့ပါတယ်။

ဒီတိုင်းကြည့်ရင် ကလေးမျက်လုံးမှာ အဖြူစက်က သိပ်မမြင်ရပါဘူး။ ဓာတ်ပုံရိုက်လိုက်မှသာ အလင်းပြန်ပြီး ထွက်လာတဲ့ပုံမှာ အဖြူစက်လေးကို တွေ့လိုက်ရတာဖြစ်ပါတယ်။ အမ်မလီဟာ နောက်ထပ်ဓာတ်ပုံတွေမှာလည်း ဒီအဖြူစက်ပါဝင်နေတာကို ထပ်တွေ့ခဲ့ပြီးနောက် ဆရာဝန်ထံ သွားပြသခဲ့ပါတယ်။

ဆရာဝန်က စစ်ဆေးပြီးနောက် ကလေးကင်ဆာအထူးကုဆရာဝန်ထံ အမြန်သွားရောက်ဖို့ ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။ ဂျက်ဆမ်ဟာ မွေးကင်းစကလေးတွေမှာ ဖြစ်ပွားတတ်တဲ့ မျက်စိအာရုံခံ ကင်ဆာတစ်မျိုး ဖြစ်ပွားနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီကင်ဆာဟာ အသက်ငါးနှစ်အောက် ကလေးတွေမှာ ဖြစ်ပွားတဲ့ အလွန်ရှားပါးတဲ့ မျက်စိကင်ဆာတစ်မျိုး ဖြစ်တယ်လို့ သိရပါတယ်။ ဒီကင်ဆာဟာ စောစီးစွာသိရှိရင် လုံးဝပျောက်ကင်းအောင် ကုသနိုင်တဲ့ ကင်ဆာအမျိုးအစားဖြစ်တယ်လို့လည်း သိရပါတယ်။

ဂျမ်ဆမ်ဟာ ဦးစွာခွဲစိတ်ကုသမှုခံယူခဲ့ရပြီး ကင်ဆာဆေးသွင်း ကုထုံးတွေကိုလည်း ခံယူခဲ့ရပါတယ်။ အခုအခါ အသက် ၃ နှစ်ရှိနေပြီဖြစ်တဲ့ ဂျမ်ဆမ်ဟာ အတော်အသင့် စိတ်ချရတဲ့ အနေအထားဖြစ်နေပါပြီ။

alignnone size-medium wp-image-57427

“ကျွန်တော်တို့ ၂၀၁၆ နိုဝင်ဘာ ၂၃ ရက်နေ့မှာ ဆရာဝန်ကို ပထမဆုံးပြခဲ့ကြတာပါ၊ ရလဒ်တွေကတော့ မျက်လုံးထဲမှာ မူမမှန်တဲ့အရာတစ်ခု ကြီးထွားနေတယ်ဆိုတာပါပဲ၊ ကျွန်တော်တို့ အရမ်းစိတ်ပူခဲ့ကြရပါတယ်၊ အထူးကုဆရာဝန်ကြီးတွေက သေသေချာချာ စစ်ဆေးမှုတွေပြုလုပ်ပေးပြီး ဒီဇင်ဘာ ၂၁ ရက်မှာတော့ ကင်ဆာဆိုတဲ့အဖြေ ထွက်လာတာပါပဲ”လို့ အဖေဖြစ်သူအိုဝမ်က ပြောပြခဲ့ပါတယ်။

ဒီကလေးသူငယ်တွေမှာ ဖြစ်ပွားတဲ့ မျက်စိအာရုံခံကင်ဆာ အမျိုးအစားဟာ ရှားပါးတဲ့ ရောဂါတစ်မျိုးဖြစ်ပြီး အင်္ဂလန်နိုင်ငံမှာ ပျမ်းမျှ တစ်နှစ် ၄၅ ယောက်လောက် တွေ့ရှိရလေ့ရှိပြီး အမေရိကန်နိုင်ငံမှာ နှစ်စဉ် ကလေး ၂၀ဝ မှ ၃၀ဝ ခန့်ထိ ဖြစ်လေ့ရှိတယ်လို့ သိရပါတယ်။

မျက်လုံးထဲက ကင်ဆာအကျိတ်ဟာ မျက်လုံးအနောက်အထိ ကပ်နေမယ်ဆိုရင် တခြားအာရုံကြောတွေကိုလည်း ပျံ့နှံ့သွားနိုင်တယ်လို့ ဆိုပါတယ်။ ခွဲခန်းအတွင်း ဆရာဝန်တွေဟာ အထူးပြုလုပ်ထားတဲ့ မှန်ပြောင်းတွေ၊ ပစ္စည်းကိရိယာတွေ အသုံးပြုပြီး ခက်ခက်ခဲခဲ ခွဲစိတ်ကုသမှုတွေ ပြုလုပ်ပေးခဲ့ရပြီး အချိန်တစ်နာရီခန့် ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။

သာမန်အားဖြင့် မျက်လုံးအတွင်း အကျိတ်တွေဖြစ်ပါက လေဆာကုထုံးနဲ့ အကျိတ်ကို အေးခဲစေတဲ့ ကုထုံးနှစ်မျိုးရှိပါတယ်။ ဂျမ်ဆမ်ကို လေဆာကုထုံးနဲ့ ကုပေးခဲ့ပြီး ခြောက်ကြိမ်ခန့် လေဆာကုထုံးပေးပြီးချိန် ၂၀၁၇ ဇူလိုင်လမှာ ဂျမ်ဆမ်ဟာ စိတ်ချရတဲ့ အခြေအနေရောက်လာခဲ့ပေမယ့် ၂၀၁၇ ဒီဇင်ဘာမှာ အကျိတ်ပြန်ဖြစ်လာခဲ့ပြန်သေးတယ်လို့ သိရပါတယ်။ လေဆာကုထုံးက ထိရောက်မှုသိပ်မရှိတာကို တွေ့ရတဲ့အတွက် ကင်ဆာဆေးသွင်းကုထုံးကို အသုံးပြုခဲ့ရပါတယ်။ ၁၀ လအကြာမှာ ဂျက်ဆမ်ဟာ ပုံမှန်နီးပါး ပြန်လည်ကောင်းမွန်တဲ့ အခြေအနေဖြစ်လာခဲ့ပြီး ဆက်လက်ကုသမှုတွေ ခံယူစရာမလိုတော့တဲ့ အနေအထားဖြစ်နေပြီလို့ ဆိုပါတယ်။

(Ref;DM 20-3-19)

Most Popular

Healthy Life Ad
To Top