Healthy Life Ad
Health Tips

အငိုသန်ရောဂါ

—–၊ ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး – အငြိမ်းစား) ၊—–

အသက် (၄၀) အရွယ် အမျိုးသမီဒီဒီက (MULTIPLE SCLEROSIS) (MS) လို့ခေါ်တဲ့ ဦးနောက်အာရုံကြောမျှင် ပျတ်စီတဲ့ရောဂါ ခံစားနေရသူဖြစ်ပါတယ်။ ဒီဒီက မကြာခဏ ငိုကြီးချက်မဖြစ်နေလို့ ဂျီပီဆရာဝန်က စာရေးသူရဲ့ဆေးခန်းကို စေလွှတ်အကြံဉာဏ်တောင်းတာပါ MS ရောဂါရှိရင် စိတ်ကျဝေးဒနာလည်း ပူးတွဲဖြစ်ပွားတက်လို့ပါ။ ဒါကြောင့် စိတ်ကျရောဂါရှိမရှိ သေခြာစေချင်လို့ ဖြစ်ပါလိမ့်မယ်။

ဒီဒီက ဘာကြောင့် မကြာခဏ ငိုကြွေးသလဲ။ စိတ်ညစ်နေလို့လား။

အမြဲတမ်း မပျော်မရွှင်ဖြစ်ပြီး စိတ်ညစ်နေတာမဟုတ်ပါဘူး။ တခါတလေ အလိုလိုနေရင်း ထိန်းမနိုင်သိမ်းမရ ငိုချင်စိတ်ပေါ်ပေါက်လာလို့ ငိုမိတာပါ။

ဒီဒီနဲ့အတူ ပါလာတဲ့ ခင်ပွန်းက ဖြည့်စွက်ပြောတယ်။

ဟုတ်တယ်ဒေါက်တာ။ အကြောင်းရင်းမရှိဘဲ အကောင်းနေရာက ဗြန်းကနဲ ငိုချလိုက်တာတွေ့ရတယ်။ တစ်ခါငိုရင် (၃) မိနစ်လောက်ကြာတယ်။

စာရေးသူက ဒီဒီ စိတ်ကျရောဂါ ရှိ၊ မရှိ သိရအောင် တခြားစိတ်ကျရောဂါ လက္ခဏာတွေကို စုံစမ်းမေးမြန်းပါတယ်။

ဒီဒီက အစားသောက်မပျတ်ဘူး။ ပုံမှန်အိပ်ပျော်တယ်။ အရင်ကလိုဘဲ စိတ်ဝင်းစားမှု အပြည့်ရှိတယ်။ အိမ်မှုကိစ္စတွေကို လုပ်ချင်ကိုင်ချင်စိတ်မပျတ်ဘူး။ သိမ်ငယ်စိတ်၊ အားငယ်စိတ် ကိုယ့်ကိုယ်ကို အပြစ်တင်စိတ်မျိုးတွေ မရှိဘူး။ MS ရောဂါကြောင့် စိုးရိမ်စိတ်ရှိပေမဲ့ အနာဂါတ်အတွက် မျှော်လင့်ချက်ကုန်ဆုံးတာ မရှိဘူး။ ကိုယ့်ကိုယ်ကို အန္တာရာယ်ပြုချင်စိတ်လည်း မရှိဘူးလို့ ပြောတယ်။ ဒီလိုဆိုတော့ ဒီဒီအငိုသန်တာက စိတ်ကျရောဂါကြောင့်လို့ မဆိုနိ်ုင်ပါဘူး။ နာတာရှည် ပူဆွေးတမ်းတခြင်း (PATHLOGICAL GRIFE) ရှိရင်းလည်း သေးဆုံးသွားသူကို သတိရတိုင်း ငိုမိတာ ရှိတက်ပါတယ်။

“ကျွန်မခင်မင်တွယ်တာရတဲ့သူ မကြာမီက သေဆုံးခဲ့တာမရှိပါဘူး။”

စိုးရိမ်စိတ်၊ ကြောက်စိတ်လွန်ကဲမှုရှိရင်းလည်း ဝမ်းနည်းစရာအကြောင်းမရှိဘဲ ငိုချတတ်ကြပါတယ်။ ငိုလိုက်ရရင် စိတ်တင်းကျပ်နေတာ သက်သာပျောက်ကင်းသွားလို့ပါ။

“ဒီဒီရဲ့ခင်းပွန်းက ထောက်ခံပြောကြားပါတယ်။ ဒီဒီက စိတ်ခိုင်မာတဲ့ မိန်းမတစ်ယောက်ပါ။ ကျန်တဲ့အချိန်းတွေမှာ MS ရောဂါကို မေ့ထားနိုင်ပါတယ်။”

“ဒီလိုဆိုတော့ ဒီဒီအငိုသန်နေတာက MS ရောဂါရှိသူတွေမှာ ဖြစ်ပွားတတ်တဲ့ (PSEUDOBULBAR AFFECT) (PBA)” ထိန်းမနိုင်သိမ်းမရ ငိုခြင်း/ရယ်ခြင်း ရောဂါဖြစ်နိုင်တယ်။

“ရှင်းပြပါ ဒေါက်တာ”

သြစတြီးလျနိုင်ငံမှာ လူဦးတစ်ထောင်မှာ MS ရောဂါတစ်ယောက်ဖြစ်ပွားနှုန်းရှိတယ်။ MS ရောဂါရှိသူ ၁၀ ရာခိုင်နှုန်းမှ ၄၅ ရာခိုင်နှုန်းက ထိန်းမနိုင်သိမ်းမရငိုခြင်းရောဂါ “(PBA) ရှိပါတယ်။ PBA ရောဂါက ဦးနှောက်ပျတ်စီးတဲ့ ရောဂါတွေမှာ တွေ့ရှိရတယ်။ ဥပမာ-အယ်ဇိုင်းမားငယ်မူပြန်မှတ်ဉာဏ်ချို့ယွင်းရောဂါ၊ ပါကင်ဆင်အကြောဆွဲရောဂါ၊ ဦးနှောက်ဒဏ်ရာရခြင်း၊ ဦးနှောက်လေဖြတ်ရောဂါဖြစ်ခြင်းနှင့် AMYOTROPIC LATERAL SCLEROSIS လို့ခေါ်တဲ့ ဦးနှောက်အာရုံကြော ပျတ်စီးရောဂါတွေပါ။ တစ်ချို PBA ရောဂါရှိသူတွေက ထိန်းမနိုင်သိမ်းမရ ရယ်မောတာရှိပါတယ်။ အဲလိုရယ်မောတာက ရယ်စရာရှိလို ဝမ်းသာလွန်းလို့ မဟုတ်ဘူး။ အကြောင်းမဲ့ ငိုလိုက်၊ ရယ်လိုက်ဖြစ်နေရင် စိတ်ကစဉ့်ကလျားစိတ်ရောဂါ (SCHIZOPHRENIP) နဲ့ မှားနိုင်တယ်။

PBA ရောဂါလက္ခဏာကို ပြောမယ်။

“ဟုတ်ကဲ့ပါ”

“(က) ငိုစရာ/ရယ်စရာ အကြောင်းမရှိဘဲ ထိန်းချုပ်လိုမရအောင် ငိုချပစ်လိုက်တာ ကျယ်ကျယ်လောင်လောင် ဟားတိုက်ရယ်လိုက်တာ မကြာခဏဖြစ်ပေါ်မယ်။ မိနစ်အနည်းငယ်ကြာမယ်။ နောက်ပြီး အလိုလို ပျောက်ကင်းသွားမယ်။

(ခ) ငိုကြွေးနေတဲ့အချိန်မှာ စိတ်ညစ်တဲ့ခံစားရမှုမရှိဘူး။ ရယ်မောနေတဲ့အချိန်မှာ ပျော်ရွှင်တဲ့ခံစားမှုမရှိဘူး။

(ဂ) ငိုကြွေးပြီးရင် စိတ်ပေါ့ပါသက်သာသွားတာမျိုး စိတ်တင်းကျပ်မှု ပြေပျောက်သွားတာမျိုးလည်း မရှိဘူး။

(ဃ) ငိုခြင်းရယ်ခြင်းက တစ်ခြားစိတ်ရောဂါကြောင့် မဟုတ်ဘူး။ စိတ်ကျရောဂါ၊ စိုးရိမ်စိတ်လွန်ကဲရောဂါ၊ အကြောက်လွန်ရောဂါ၊ စိတ်ဖိစီးမှုရောဂါ၊ စိတ်ကစဥ့်ကလျားရောဂါ၊ စိတ်ကြွစိတ်ကျရောဂါ စသဖြင့်ပေါ့။

စိတ်ရောဂါမဟုတ်ပေမဲ့ အကြောင်းမဲ့ငိုကြွေးတက်တဲ့ အခြေအနေတွေရှိတယ်။

“ပြောပြပါ။”

အလုပ်ပင်ပန်းလို့ ခန္ဓာကိုယ်ပင်ပန်းနွမ်းနယ်လွန်းရင်လည်း ဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေထဲမှာ မျက်ရည်လွယ်တာ ရှိနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ မဟော်မုန်းအမျိုးမျိုး အပြောင်းအလဲရှိတာ ကိုယ်ခန္ဓာပင်ပန်းနွမ်းနယ်တာ ကိုယ်ဝန်ဆောင်မိခင် စိတ်ဓာတ်ကျဝေဒနာရှိတာနဲ့ သားဖွားရမဲ့ကိစ္စ ကြိုတင်စိုးရိမ်နေတာတွေကြောင့်ပါ။

ဒီဒီရဲ့ခင်ပွန်းက ဆေးပညာမေးခွန်းကို မေးမြန်းတယ်။

ထိန်းမနိုင်သိမ်းမရငိုခြင်း (PBA) ရောဂါက ဦးနှောက်ပျတ်စီးလို့ ဖြစ်တာဆိုတော့ ဒီဒီအတွက်စိုးရိမ်မိပါတယ်။

“MS ရောဂါမှာ ငယ်မူပြန်မှတ်ဉာဏ်ချို့ယွင်းရောဂါ (DEMENTIA) ဖြစ်ပွားလားနိုင်ခြေ အလွန်နည်းပါးပါတယ်။ PBA ဖြစ်ပွားတာက ဦးနှောက်ရှေ့ပိုင်း (PREFRONTAL CORTEX) နဲ့ ကြွက်သားလှုပ်ရှားမှုကို ထိန်းချုပ်ပေးတဲ့ (CEREBELLUM) ဦးနှောက်ပိုင်းမှာ အပြန်အလှန် ဆက်သွားပေးတဲ့ အာရုံကြောမျှင် ပျတ်စီးလို့ဖြစ်တာပါ။”

ဒီဒီက သူ့ရောဂါကနေပြီး သူ့မြေးငယ်အကြောင်း စဉ်းစားမိဟန်တူပါတယ်။

“ကျွန်မရဲ့မြေးဦးကလေးပေါ့နော် တစ်နှစ်ကျော်ရှိပြီ ကားစီးရင် ကလေးထိုင်ခုံနဲ့ မထိုင်ချင်ဘူး။ အရမ်းငိုတော့တာဘဲ။”

“ဒီအတွက်မစိုးရိမ်ပါနဲ့ ကလေးငယ်တွေက အနေအထိုင်မသက်သာရင် နာကျင်တာရှိရင် အိပ်ငိုက်ချင်လာရင် ဆာလောင်လာရင် ငိုတက်ကြပါတယ်။ ကလေးတွေမှာ အငိုမတိတ်ရောဂါ တစ်မျိုးရှိတာကို ကျွန်တော်ဖတ်ရဖူးတယ်။ (RUNCHE) လို့ခေါ်တယ်။ နီပေါနိုင်ငံရှိ အသက်တစ်နှစ်မှ ၄ နှစ်အတွင်း ကလေးတွေထဲမှာ တွေ့ရှိရတယ်။ ခုနာကပြောခဲ့တဲ့ အကြောင်းရင်းတွေမရှိဘဲ ကလေးက ချောမြှူမရအောင် မကြာခဏ အော်ကြီးဟစ်ကျယ် ငိုကြွေးတယ်။ ကိုယ်ဝန်ရှိတဲ့ အမျိုးသမီးတစ်ဦးက ကလေးကို လက်နဲ့ထိတို့ပြီး ပြုစားထားလို့ ဖြစ်တယ်လို့ ရိုးရာအယူအဆ ရှိပါတယ်။ အဲလိုကလေးတွေကို လေ့လာစစ်ဆေးကြည့်တဲ့အခါ အထွေထွေအဟာရ ချို့တဲ့ရောဂါရှိကြောင်း တွေ့ရှိရတယ်။ အဟာရဓာတ်ပြည့်ဝတဲ့ အစားအစာကို ကျွေးမွေးကုသလိုက်တော့ အငိုသန်ရောဂါ ပျောက်ကင်းသွားတယ်။

ဒီလိုဆိုရင် ကျွန်မအားဆေးစားဖို့လိုမလား လူတွေရှေမှာ ထိန်းချုပ်မရအောင် ငိုကြွေးမိတာရှိတော့ ကျွန်မအပြင် မထွက်ချင်တော့ဘူး လူမှုရေးကိစ္စတွေမှာ တာဝန်မကျေဘူးပေါ့။
ဒီဒီက သူခင်ပွန်းကို အကဲခတ်ကြည့်ပြီး ပြောပါတယ်။

ရုံးအားရက်တွေမှာ အပန်းဖြေထွက်လည်တာမျိုးလည်း မလုပ်ချင်တော့ဘူး။ အိမ်သားတွေက ကျွန်မကိုစိတ်ပျတ်လာမှာ စိုးရိမ်မိတယ်။

အားဆေးစားစရာတော့ မလိုပါဘူး။ PBA ရောဂါအတွက် အမေရိကန်နိုင်ငံ FDA က ထောက်ခံခွင့်ပြုထားတဲ့ ဆေးရှိပါတယ်။ DEX TROME THOR PHAN နဲ့ QUINIDINE ရောစပ်ထားတဲ့ (NUEDEXTA) ဆေးလို့ခေါ်ပါတယ်။ အငိုသန်လက္ခဏာ ၅၀ ရာခိုင်နှုန်း သက်သာနိုင်ပါတယ်။ ဂျီပီဆရာဝန်ကို အခုကျွန်တော်တို့ ဆွေးနွေးခဲ့တာတွေကို ပြောပြပေးလိုက်မယ်။

စိတ်နဲ့ထိန်းနိုင်အောင် လေ့ကျင့်လို့မရဘူးလား။

ငိုကြီးချက်မမဖြစ်မီ လှုပ်ဆော်ပေးအခြေအနေ အဖြစ်အပျက်တွေကို သတိထားမှတ်သားပါ။ ငိုကြီးချက်မမဖြစ်မီ ခံစားလာရတဲ့ ရှေးဦးအချက်ပြလက္ခဏာတွေကို ရှာဖွေဆန်းစစ်ကြည့်ပါ။ အဲလိုအခြေအနေနဲ့ အချက်ပြလက္ခဏာတွေကို တွေ့ရှိခံစားလာရရင် စိတ်ကိုတစ်ခြားတစ်နေရာမှာ အာရုံပြောင်းနိုင်အောင် ကြိုးစားရမယ်။ (DIS TRACTION) ပေါ့”

“ဘယ်လိုလုပ်ရမလဲ။”

ကြွက်သားဖြေလျော့နည်းကို လေ့ကျင့်ထား။ လိုအပ်တဲ့အချိန်မှာ ကြွက်သားပြေလျော့သွားအောင် အာရုံပြုလိုက်နိုင်တယ်။ အသက်ရှူပြင်းပြင်းနဲ့ နှေးနှေးရှူရှိုက်နည်းနဲ့လည်း အာရုံပြောင်းလဲပေးနိုင်တယ်။ ခန္ဓာကိုယ်အနေအထားကို ရွှေပြောင်းပေးလိုက်ရင် အဲ့ဒီလုပ်ရှာမှုမှာ အာရုံစိုက်ထားနိုင်လိမ့်မယ်။ ဥပမာ ထိုင်နေရင်း အသိစိတ်နဲ့ သတိထားပြီး မတ်တတ်ရပ်လိုက်။ မတ်တတ်ရပ်နေရင် လမ်းလျှောက်လိုက်။ လူရှေ့သူရှေ့မှာ အဲဒီနည်းတွေကို ပြုလုပ်ဖို့မသင့်တော်ရင် သာယာတဲ့ရှူခင်းကိုလှမ်းကြည့် စိတ်ကြည်နူးစရာ အဖြစ်အပျက်တစ်ခုကို အာရုံပြုလိုက် စသဖြင့်ပေါ့။

Most Popular

Healthy Life Ad
To Top