Healthy Life Ad
Health Tips

ကလေးတွေကို ဒိန်ချဉ်စကျွေးသင့်တဲ့အချိန်

—၊ ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။ ၊—

Q. ကလေးတွေကို ဘယ်အရွယ်မှာ ဒိန်ချဉ် စတင်ကျွေးသင့်ပါသလဲ။
NuNu(FB)

A. ကလေးအသက်ရှစ်လပြည့်ပြီဆိုတာနဲ့ ကလေးကို ဒိန်ချဉ်စတိုက်လို့ ရပါပြီ။ ပြီးရင် နို့နဲ့နို့ထွက်ပစ္စည်းတွေကို စကျွေးနိုင်ပါပြီ။ ဘယ်လိုကျွေးမလဲဆိုတော့ ညနေသုံးနာရီ ရောက်ပြီဆိုတာနဲ့ ကလေးကို ဒိန်ချဉ်လေးတစ်ဇွန်း(ထမင်းစားဇွန်းတစ်ဇွန်း)ကျွေးရင် ရပါပြီ။ ဒိန်ချဉ်ကို တစ်ပတ်မှာသုံးရက် (ဥပမာ- တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာစသဖြင့်) စတင်ကျွေးလို့ရပါပြီ။ ဒါ့အပြင် ချိစ်၊ ဒိန်ခဲလေးတွေကိုလည်း တစ်ပတ်မှာသုံးရက် (ဥပမာ-အင်္ဂါ၊ ကြာသာပတေး၊ စနေ စသဖြင့် ဒိန်ချဉ်ကျွေးတဲ့ရက်နဲ့မတူအောင်) စတင်ကျွေးဖို့ လိုပါတယ်။ ဒိန်ချဉ်ကို ဘာလို့ကျွေးရသလဲဆိုတော့ ဒိန်ချဉ်က ကလေးငယ်လေးတွေအတွက် အစာအိမ်အူလမ်းကြောင်းကို ကျန်းမာစေပါတယ်။ အစာအိမ်အူလမ်းကြောင်းမှာ ကောင်းတဲ့ပိုးတွေကို မွေးပေးလိုက်တဲ့အတွက် ကလေးငယ်တွေမှာ ဝမ်းသွားတာ၊ ဝမ်းလျှောတာ၊ ဝမ်းပျက်တာတွေကို ကာကွယ်ပါတယ်။ ဒါကြောင့် ကလေးအသက် ရှစ်လပြည့်ပြီဆိုတာနဲ့ ဒိန်ချဉ်ကို စတင်ကျွေးလို့ရပါပြီ။

Most Popular

Healthy Life Ad
To Top