Healthy Life Ad
Health Tips

၀က်ခြံအမာရွတ် လျော့ပါးစေမယ့် အလွယ်နည်း

———၊ လရိပ်မေ ၊———

အလွယ်နည်း (၁) အာလူး၊ သခွားသီးနှင့် ခရမ်းချဉ်သီးလိမ်းခြင်း

အာလူး၊ သခွားသီး၊ ခရမ်းချဉ်သီး တစ်မျိုးမျိုးကို ခပ်ပါးပါးလှီးပြီး ဝက်ခြံအမာရွတ်ပေါ်မှာ စက်ဝိုင်းပုံအတိုင်း ပွတ်သပ်ပေးပါ။ အဲဒီအသီးအရည်တွေကို အရေပြားထဲ စိမ့်ဝင်တဲ့အထိ ၁၅ မိနစ်ခန့် ညင်ညင်သာသာ ပွတ်သပ်ပေးရင် ဝက်ခြံအမာရွတ်တွေကို မှိန်ဖျော့သွားစေနိုင်ပါတယ်။ ခရမ်းချဉ်သီးမှာ ဗီတာမင် အေ ပါဝင်တဲ့အတွက် ထိခိုက်နေတဲ့ အသားအရေကို အမြန်ဆုံး ပြန်လည်ပြုပြင်ပေးနိုင်ပါတယ်။

အလွယ်နည်း (၁) သံပရာရည်လိမ်းခြင်း

ဝက်ခြံအမာရွတ်တွေက အရောင်ရင့်တယ်ဆိုရင် သံပရာရည်ထဲမှာ ဝါဂွမ်းစကိုနှစ်ပြီး ဝက်ခြံအမာရွတ်တွေပေါ်မှာ ပွတ်သပ်လိမ်းပေးပါ။ ၁၅ မိနစ်ကြာမှာ ရေအေးနဲ့ သန့်စင်ရမှာ ဖြစ်ပါတယ်။

အလွယ်နည်း (၃) ဆော်ဒါမှုန့်ဖြင့် ကြေးချွတ်ခြင်း

မျက်နှာအရေပြားကို ဆော်ဒါမှုန့်နဲ့ ကြေးချွတ်သန့်စင်ပေးပါ။ ဆော်ဒါမှုန့် ထမင်းစားဇွန်းတစ်ဇွန်းနဲ့ ရေ ထမင်းစားဇွန်း နှစ်ဇွန်းတို့ကို သမအောင်ရောမွှေပြီး ဝက်ခြံအမာရွတ်တွေပေါ် သုတ်လိမ်းကာ အချိန်နှစ်မိနစ်ခန့်ထားပါ။ ပြီးမှ ကြက်သီးနွေးရေနဲ့ ဆေးကြောသန့်စင်ပေးရမှာ ဖြစ်ပါတယ်။

အလွယ်နည်း (၄) သခွားသီးဖြင့် ပေါင်းတင်ခြင်း

သခွားသီးကို ကြိတ်ချေပြီး ရလာတဲ့အနှစ်ကို မျက်နှာတစ်ပြင်လုံး ပေါင်းတင်သလို သုတ်လိမ်းပေးပါ။ အရေပြားရောင်ရမ်းမှုကို လျော့ကျစေရုံသာမက အသားအရေကို ပြန်လည်လန်းဆန်းစေပြီး ဝက်ခြံအမာရွတ်တွေကို လျော့ပါးစေပါတယ်။

အလွယ်နည်း (၅) ရှားစောင်းလက်ပပ်အနှစ်သားကို လိမ်းခြင်း

ရှားစောင်းလက်ပပ်အနှစ်သားဟာ ဝက်ခြံအဖုကိုသာမက အမာရွတ်ကိုပါ လျော့ပါးစေတဲ့ အနာကျက်ဂုဏ်သတ္တိ ရှိပါတယ်။ ရှားစောင်းလက်ပပ် အနှစ်သားအရည်ကို ပုံမှန်လိမ်းပေးရင် ဝက်ခြံအမာရွတ် တဖြည်းဖြည်း မှိန်ဖျော့လာပါလိမ့်မယ်။

Most Popular

Healthy Life Ad
To Top