Healthy Life Ad
Health Tips

ပခုံးတွေ သန်စွမ်းနေအောင်

———၊ ငွေကြယ်စင်ယံ ၊———

ဘယ်အသက်အရွယ်မဆို သင်ရဲ့ ခန္ဓာကိုယ်ဟန်ပန်နဲ့ ပခုံးတွေ သန်စွမ်းနေအောင် လုပ်ဆောင်ပေးသင့်ပါတယ်။

အသက် ၂၀ အရွယ်မှာ

ကွန်ပျူတာသုံးတဲ့အခါတိုင်း မေးစေ့ကို ရှေ့တည့်တည့်သို့ သုံးလက်မလောက် ချွန်ထားလိုက်ရင် ပခုံးကြွက်သားတွေကို သန်မာစေပါတယ်။

အသက် ၃၀ အရွယ်မှာ

အသက် ၃၀ အရွယ်မှာ ပခုံးသား နာကျင်တောင့်တင်းရသူ အလုပ်သမားပေါင်း ၄၆ ရာခိုင်နှုန်းခန့် ရှိကြောင်း ဥရောပ ကျောရိုးမကြီးဆိုင်ရာ ဂျာနယ်က ဆိုပါတယ်။ အဲဒီလိုမဖြစ်အောင် မိနစ် ၄၀ ကြာတိုင်း တစ်ကြိမ်အနားပေးပါ။ အဲဒီအချိန်ကို အိမ်သာသွားတာ၊ ရေသောက်တာ စတဲ့ကိစ္စတွေ ဆောင်ရွက်နိုင်ပါတယ်။

အသက် ၄၀ အရွယ်မှာ

ပခုံးတွေ ညောင်းညာတာမျိုးဟာ အသက် ၄၀ အရွယ်မှာ ခံစားရလေ့ရှိပါတယ်။ ပုံမှန်အကြောလျှော့ပြီး အနိုင်ယူပါ။ အကြောလျှော့နည်းမှာ ညာလက်နဲ့ ဘက်ဘယ်ပခုံးကိုထိကာ ယင်းလက်မောင်းပေါ်ကို မေးစေ့တင်ထားပါ။ ကျန်လက်တစ်ဖက်ကိုသုံးပြီး ညာလက်ဖျံကို သင့်ဆီသို့ ဆွဲနှိမ့်လိုက်ပါ။

Most Popular

Healthy Life Ad
To Top