Healthy Life Ad
Health Tips

နေထိုင်မှုပုံစံနှင့် ဆီးချိုသွေးချိုရောဂါ အကြောင်း (Lifestyle and Diabetes)

ယခင်တစ်ပတ်မှအဆက်

—–၊ ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) ၊—–

ဂျယ်ရီရဲ့ ကျန်းမာရေးအကြောင်း

သူဟာ ၁၉၉၇ ခုနှစ်ကထဲက ဆီးချိုရောဂါကို စတင်ခံစားနေရသူ တစ်ဦးဖြစ်ပါတယ်။ တကယ်တော့ ဒီချမ်းသာကြွယ်ဝမှုဟာ သူရဲ့ကျန်းမာရေးကို အထောက်အကူမပေးတဲ့အပြင် ချမ်းသာခြင်းဟာ သူရဲ့ဆီးချိုရောဂါနဲ့ နှလုံးကိုပိုဆိုးသွားစေခဲ့တယ်လို့ သူကပြောပါတယ်။ သူရဲ့နေထိုင်မှုပုံစံ(Lifestyle) မမှန်ခဲ့တာဟာ အခုလို ဆီးချိုနဲ့ နှလုံးရောဂါတွေ ဖြစ်လာစေတယ်လို့ ဆိုပါတယ်။

သူရဲ့ပြောပြချက်အရ သူဟာသူ့ကျန်းမာရေးအတွက် အကောင်းဆုံးဆေးတွေ၊ အကောင်းဆုံးဆရာဝန်တွေ၊ ဆီးချိုအစားအစာ ချက်ပြုတ်ကျွေးဖို့ အကောင်းဆုံးစားဖိုမှူးတွေ အသုံးပြုခဲ့ပါတယ်။ ၁၉၉၄ မှ ၂၀ဝ၆ ခုနှစ်အကြားမှာ သူဟာ နှလုံးသွေးကြောပိတ်ဆို့တဲ့ရောဂါ အကြီးအကျယ်ဖြစ်တာ ၅ ကြိမ်တိတိ ခံစားခဲ့ရပါတယ်။ ဆေးကောင်း၊ ဆရာဝန်ကောင်းတွေကြောင့် အသက်ရှင်ခဲ့ပါတယ်။ အဲ့ဒီအချိန်က သူရဲ့စီးပွားရေးအလုပ်ရဲ့ ဖိစီးမှု(stress)တွေကြောင့် နှလုံးရောဂါဖြစ်တယ်လို့ပဲ ထင်ခဲ့မိပါတယ်။ ဒါကြောင့် သူဟာ သူရဲ့မူလပုံစံအတိုင်း ဆက်လက်နေထိုင်ခဲ့ရာ ၂၀၁၀ ခုရောက်တဲ့အခါမှာတော့ သူ့မှာ နှလုံးအပြင် ကျောက်ကပ်ရောဂါတွေလည်း စတင်ဖြစ်လာတာ တွေ့ရှိရပါတယ်။ အဲ့ဒီအချိန်က သူရဲ့ သုံးလပျမ်းမျှသွေးချို HbA1 ဟာ ၁၀% ကျော်ပါတယ်။

“ဒီလို အေဝမ်းစီ အမှတ်နဲ့ဆိုရင် နောက် ၃ နှစ်အကြာမှာ သူဟာ HD (Harmony dialysis) အိပ်ချ်ဒီခေါ် ကျောက်ကပ်ဆေးခြင်းကို ကြိမ်းသေလုပ်ရတော့မယ်ဆိုတာ ဆရာဝန်သုံးဦးဆီမှ သတိပေးတာကို ကြားလိုက်ရတော့မှ သူရဲ့ဘဝတဆစ်ချိုးကို ရောက်ရှိလာခဲ့ပါတယ်။”

သူရဲ့ ဘီအမ်အိုင် BMI ခေါ် အသားကျစ်ကိန်းက ၃၁ဖြစ်ပါတယ်။ ကိုယ်အလေးချိန် ပေါင်ချိန် ၂၁၀ ရှိပါတယ်။ ခါးပတ်လည် အတိုင်းအထွာ ၄၄ လက်မ ရှိခဲ့ပါတယ်။ သွေးတွင်းအဆီဓာတ်တွေကလည်း ဆေးသောက်နေပေမယ့် များနေဆဲပဲ ဖြစ်ပါတယ်။ ဒါတွေအားလုံဟာ ကျန်းမာရေးညံ့ဖျင်းမှုတွေကို ပြသနေတဲ့ စစ်ဆေးချက်အဖြေတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် သူ့ကိုကုသပေးနေတဲ့ ဆရာဝန်တွေက သွေးချိုထိန်းနိုင်ဖို့ အရေးကြီးကြောင်း ပြောလာပါတယ်။ စားဆေးတွေလည်း ကမ်းကုန်ပြီမို့ အင်ဆူလင်စထိုးဖို့ တိုက်တွန်းလာပါတယ်။ ဒီလို အေဝမ်းစီ အမှတ်နဲ့ဆိုရင် နောက် ၃ နှစ်အကြာမှာ သူဟာ HD (Harmony dialysis) အိပ်ချ်ဒီခေါ် ကျောက်ကပ်ဆေးခြင်းကို ကြိမ်းသေလုပ်ရတော့မယ်ဆိုတာ ဆရာဝန်သုံးဦးဆီမှ သတိပေးတာကို ကြားလိုက်ရတော့မှ သူရဲ့ဘဝတဆစ်ချိုးကို ရောက်ရှိလာခဲ့ပါတယ်။ ဆရာဝန်တွေက ကျောက်ကပ်လည်းဖြစ်လာမယ်၊ နှလုံးရောဂါလည်းရှိနေတဲ့အတွက် ဒီအတိုင်းနေရင် ၃ နှစ်ပဲ အသက်ရှင်သန်တော့မယ့်အကြောင်း သတိပေးခေါင်းလောင်း ခေါက်လာတော့မှ သူနိုးကြားလာခဲ့ပါတယ်။

သူ့ဦလေးတစ်ယောက် ကျောက်ကပ်ဆေးနေရတဲ့ဘဝ၊ စက်နားကမခွာရဘဲ အသက်ဆက်နေရတဲ့ဘဝကို သူတွေ့ကြုံဖူးတဲ့အတွက် ဒါကိုတော့ အလွန်ကြောက်ပါတယ်။ အင်ဆူလင်ထိုးတာကိုလည်း သူလက်မခံလိုသေးဘူး။ ကျောက်ကပ်ပျက်တာလည်း မလိုချင်ဘူး။ သူဘာလုပ်ရမလဲ။ ဒါတွေစဉ်းစာပြီး သူအရင်ဦးဆုံး ဆုံးဖြတ်လိုက်တာကတော့ သူအသက်ဆက်ရှင်ဖို့ သူလုပ်ရတော့မယ်။ ဒီအောင်မြင်နေတဲ့ အလုပ်မှပဲ နစ်မြုပ်နေတဲ့ဘဝကို အပြီးအပိုင် နှုတ်ဆက်ထွက်ခွာခဲ့ပါတယ်။ တိတ်ဆိတ်ပြီး လူသူဝေးရာအရပ်ဖြစ်တဲ့ လာစ်ဗေးဂက်စ် Las Vegas လိုနေရာမှာ အိမ်ဝယ်ပြီး သွားရောက်နေထိုင်ခဲ့ပါတယ်။ လုပ်ငန်းနဲ့ ပတ်သက်သူတွေကို အဆက်အသွယ်ဖြတ်ထားခဲ့ပါတယ်။

နောက်တစ်ပတ်ဆက်လက်ဖတ်ရှုပါရန်

Most Popular

Healthy Life Ad
To Top