Healthy Life Ad
Health Tips

ရုတ်တရက်အိပ်ငိုက်ခြင်း . . .

—–၊ ပါမောက္ခဦးကိုကို (ဆီးချိုနှင့် အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။ ၊—–

Q. ကျွန်မအနေနဲ့ ရုတ်တရက် အိပ်ငိုက်ငိုက်သွားလို့ပါ။ အဲဒါ ဘယ်လိုသက်သာအောင် လုပ်နိုင်မလဲ။
PP(FB)

A. လူတစ်ယောက်က အကြောင်းရင်းမရှိဘဲ အချိန်ခဏအတွင်း အိပ်ငိုက်ငိုက်သွားတာကို (Narcolepsy) လို့ခေါ်ပါတယ်။ တစ်နေ့တာမှာ တက်ကြွနေတဲ့ အချိန်မှာပဲ ရုတ်တရက် ထဖြစ်တာမျိုးပါ။ အိပ်စက်မှုဆိုင်ရာ ပြဿနာတွေကို အပြုအမူ ပြုပြင်ရေးဆိုင်ရာ နည်းလမ်းတွေ၊ အိပ်မွေ့ချနည်းနဲ့ ဆေးဝါးတွေကိုသုံးပြီး ကုသမှုပေးနိုင်ပါတယ်။ ဆေးဝါးတွေဆိုရာမှာ ကိုယ့်ဘာသာ ဝယ်ယူသောက်သုံးနိုင်တဲ့ ဆေးတွေရှိသလို ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့မှ သောက်သင့်တဲ့ဆေးတွေ ရှိပါတယ်။ တကယ်တော့ ဒီပြဿနာက အိပ်စက်မှုဆိုင်ရာ ဝေဒနာဖြစ်စေတဲ့ အကြောင်းရင်းကို ကုသမှုခံယူသင့်တာဖြစ်တဲ့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး ကုသတာ အကောင်းဆုံးဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top