Healthy Life Ad
Health Tips

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရနှုန်း နည်းစေရန် တစ်နေ့အနည်းဆုံး ခြောက်ကြိမ်နှင့်အထက် လက်ဆေးသင့်

—–၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊—–

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရနှုန်းနည်းအောင် တစ်နေ့အနည်းဆုံး ၆-၁၀ ကြိမ်ခန့် လက်ဆေးသင့်တယ်လို့ ယူကေလေ့လာသူတွေက အကြံပြုထားပါတယ်။
ဒါက အန္တရာယ်ရှိတဲ့ ကပ်ရောဂါနဲ့ဆင်တူတဲ့ တခြားဗိုင်းရပ်စ်တွေရဲ့ သဘောသဘာဝကို အခြေခံပြီး ၂၀ဝ၆ မှ ၂၀ဝ၉ အတွင်း အချက်အလက်တွေကို လေ့လာစစ်တမ်းထုတ်ထားတာ ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ဟာ အပေါ်ယံအဆီမျက်နှာပြင်အလွှာနဲ့ ဖုံးအုပ်ထားတာကြောင့် ဆပ်ပြာမော်လီကျူးတွေက အဲဒီအဆီမျက်နှာပြင်ကို ပျက်စီးစေပြီး စက္ကန့် (၂၀ ကြာတဲ့အခါ ဗိုင်းရပ်စ်ကို အပိုင်းပိုင်း ဖြစ်သွားစေပါတယ်။ လေ့လာမှုအရ လူဦးရေ ၁၆၆၃ ယောက်ကို လေ့လာကြည့်ရာ တစ်နေ့အနည်းဆုံး ခြောက်ကြိမ် လက်ဆေးထားရင် ဗိုင်းရပ်စ်ပိုးကူးစက်ခံရနိုင်ခြေ အလွန့်အလွန်နည်းပါးတယ်လို့ တွေ့ရပါတယ်။

“လက်ကိုဆပ်ပြာနဲ့ ဆေးကြောသန့်စင်တာက သင်ကိုယ်တိုင်ကိုသာ ကာကွယ်ပေးရုံမက သင့်အနီးတဝိုက်မှာ ဗိုင်းရပ်စ်ပိုးတွေ ပျံ့နှံ့မနေအောင်လည်း ကာကွယ်ပေးပါတယ်။ လက်ကိုအနည်းဆုံး စက္ကန့် ၂၀ ကြာ ပုံမှန်ဆေးပေးတာက ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုကို ရပ်တန့်ပေးမယ့် အကောင်းဆုံးနည်းတစ်ခု ဖြစ်ပါတယ်။ အထူးသဖြင့် နှာချေပြီးတဲ့အခါ၊ ချောင်းဆိုးပြီးတဲ့အခါ၊ အစာမစားခင်၊ ဟင်းမချက်ခင်၊ အများနဲ့ဆိုင်တဲ့ နေရာတွေကို သွားပြီးတဲ့အခါနဲ့ အများသုံးယာဉ်စီးပြီးတဲ့အခါတွေမှာ ဖြစ်ပါတယ်”လို့ လေ့လာသူ လန်ဒန်ကောလိပ်တက္ကသိုလ်မှ ဒေါက်တာဆာရာက ဆိုပါတယ်။”

(Ref;BBC 20-5-2020)

Most Popular

Healthy Life Ad
To Top