Healthy Life Ad
Health Tips

ရင်ပူဝေဒနာ အမြန်ဆုံးသက်သာအောင် . . .

——၊ ဇွန် ၊——-

မကြာခဏ ရင်ပူတာက နေထိုင်စားသောက်မှုပုံစံနဲ့ ဆက်စပ်နေတတ်ပါတယ်။ ကိုယ်အလေးချိန် လျှော့ချတာနဲ့ အစားအသောက်ကို နည်းနည်းနဲ့ မကြာခဏစားတာတွေဟာ ရင်ပူတာကို သက်သာစေပေမယ့် လတ်တလော ရင်ပူနေလို့ နေရတာ မသက်မသာဖြစ်နေရင် ပြုလုပ်သင့်တဲ့နည်းတွေကို ရေးသားလိုက်ရပါတယ်။

(၁) သကြားမပါတဲ့ ပီကေဝါးပါ

ပီကေဝါးတာကြောင့် တံတွေးအထွက်များကာ အစာရေမျိုပြွန်ဆီကို အစာအိမ်အက်စစ်တွေ ပြန်တက်ပြီး ပူလောင်တဲ့ခံစားချက်မျိုး မဖြစ်အောင် ဟန့်တားပေးပါတယ်။

(၂) ချင်း(ဂျင်း) စားပါ

ချင်းတက်ဟာ ရိုးရာအစာအိမ်ဝေဒနာ သက်သာစေတဲ့ ဆေးဖက်ဝင်အစာပါ။ ရင်ပူနေချိန်မှာ ချင်းပါးပါးတစ်လွှာ ဒါမှမဟုတ် ချင်း(ဂျင်း)ခတ်ထားတဲ့ လက် ဖက်ရည်ကြမ်းကို မှီဝဲပေးပါ။

(၃) မုန်ညင်းရွက်စားပါ

အဝါရောင် မုန်ညင်းမှုန့်ကို လက်ဖက်စားဇွန်းတစ်ဇွန်းလောက် စားပေးတာက ရင်ပူတာကို သက်သာစေပါတယ်။

(၄) ဗာဒံစေ့စားပါ

ထမင်းစားပြီး ဗာဒံစေ့နှစ်လုံး၊ သုံးလုံးလောက် စားပေးတာက ရင်ပူသက်သာစေပါတယ်။

Most Popular

Healthy Life Ad
To Top