Healthy Life Ad
Health Tips

သွားဖုံးရောင်ပြီး နီမြန်းနေသလား

စူး (ဆေးဝါးတက္ကသိုလ်)

တချို့ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးကြောင့် ဒါမှမဟုတ် ကိုယ်ဝန်ဆောင်နေရတာကြောင့် ဒါမှမဟုတ် ခံတွင်းသန့်ရှင်းရေးညံ့ဖျင်းတာကြောင့် သွားဖုံးတွေရောင်ရမ်းကာ နီမြန်းပြီး တင်းမာနေတတ်ပါတယ်။ သွားဖုံးနီမြန်းရောင်ရမ်းမှုတွေဖြစ်ရင် သက်သာစေဖို့ အောက်ပါနည်းလမ်းတွေကို လုပ်ဆောင်သင့်ပါတယ်။

သွားဖုံးကိုစပ်ဖျဉ်းဖျဉ်းဖြစ်စေမယ့် ဆေးရွက်ကြီး၊ ခံတွင်းသန့်ဆေးရည်နဲ့ အယ်လ်ကိုဟောတို့လိုအရာတွေနဲ့ မထိတွေ့သင့်ပါဘူး။

အာဟာရမျှတတဲ့ အစားအသောက်တွေကို စားပေးရပါမယ်။

သွားဖုံးက သင်တိုက်နေကျ သွားတိုက်ဆေးနဲ့မတည့်ဘဲ စပ်ဖျဉ်းဖျဉ်းဖြစ်နေရင် တခြားသွားတိုက်ဆေးကို ပြောင်းသုံးဖို့လိုပါတယ်။

ခြောက်လကြာတိုင်း သွားနဲ့ခံတွင်းကျန်းမာရေးကို ထိန်းသိမ်းဖို့ သွားနဲ့ခံတွင်းဘက်ဆိုင်ရာ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

သင့်သွားဖုံးရောင်တာက သင်သောက်နေကြ ဆေးဝါးကြောင့်ဖြစ်ရတယ်ဆိုရင် ဆေးဝါးကို ပြောင်းလဲပေးဖို့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ ဆရာဝန်နဲ့မတိုင်ပင်ဘဲ မိမိသဘောနဲ့ ဆေးကိုမပြောင်းလိုက်ပါနဲ့။

Most Popular

Healthy Life Ad
To Top