Healthy Life Ad
Q & A

ခြေလက်ကွဲခြင်း.. .

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) မှ ဖြေကြားပေးပါသည်။

Q. ခြေတွေ၊ လက်တွေက ဓားနဲ့ခွဲထားသလို ကွဲနေပါတယ်။ ၃ လလောက်ရှိပါပြီ။ ဘာဆေးလိမ်းရမလဲဆရာ။
Burmess(FB)

A. အများစုကတော့ အေးတဲ့အချိန်မှာ အရေပြားခြောက်သွေ့ရင် ဒီလိုမျိုးကွဲတတ်ပါတယ်။ ကွဲတဲ့အချိန်မှာ ကူးစက်ပိုးတစ်မျိုး၊ (ဘက်တီးရီးယား၊ ဖန်းဂတ်စ်မှို)ဝင်တတ်ပါတယ်၊ အကောင်းဆုံးကတော့ ခြေလက်ကွဲတတ်တဲ့သူတွေက အရေပြားခြောက်သွေ့တတ်လို့ အစိုဓာတ် (Moisture) ပါတဲ့ လိုးရှင်း၊ ခရင်မ်တွေလူးပေးရပါမယ်။ ဖိရင်နာတယ်ဆိုတဲ့ ပိုးဝင်တဲ့လက္ခဏာတွေရှိနေတယ် ဆိုရင်တော့ ဆရာဝန်နဲ့ပြပြီး ပဋိဇီဝပိုးသတ်ဆေး လိမ်းရပါမယ်။ ခြေဆီထွက်တာနည်းပြီး အရေပြားခြောက်တဲ့သူတွေမှာ ခြေကွဲတာဖြစ်တတ်တဲ့အတွက် အစိုဓာတ်ကောင်းကောင်း ထိန်းပေးဖို့လိုပါတယ်။

Most Popular

Healthy Life Ad
To Top