Healthy Life Ad
Health Tips

နေ့စဉ် ဝမ်းမှန်မှန်သွားစေမည့် နည်းလမ်းလေးရပ်

လရိပ်မေ

လူတိုင်းဘဝမှာ တစ်ချိန်မဟုတ်တစ်ချိန် ဆိုသလို ဝမ်းချုပ်တာနဲ့ အူလှုပ်ရှားမှုမကောင်းတာတို့ကို ခံစားရတတ်ပါတယ်။ အူလှုပ်ရှားမှုမကောင်းဘဲ ဝမ်းချုပ်တဲ့အခါ မာကျောတဲ့ ဝမ်းတွေသွားတာကြောင့် နာကျင်တဲ့ဝေဒနာ ခံစားရတတ်ပါတယ်။ အူလှုပ်ရှားမှုကောင်းပြီး ဝမ်းမှန်မှန်သွားစေဖို့ အောက်ပါနည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။

(၁) သံပုရာရည်/ရှောက်ရည် သောက်ပါ

သံပုရာရည်/ရှောက်ရည်ဟာ ဝမ်းမှန်မှန်သွားစေဖို့ သောက်သင့်တဲ့အရည်ပါ။ ကြက်သီးနွေးရေ တစ်ဖန်ခွက်ထဲမှာ သံပုရာရည်/ရှောက်ရည်ညှစ်ထည့်ပြီး ဆားအနည်းငယ်ထည့်ကာ သောက်ပေးရင် အူသန့်စင်တဲ့အစွမ်းရှိစေပြီး ဝမ်း(မစင်)ကို အလွယ်တကူ ထွက်ရှိစေပါတယ်။

(၂) ရေများများသောက်ပါ

ရေသောက်တာကြောင့် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်အားလုံး ကင်းစင်စေပြီး သွေးလှည့်ပတ်စီးဆင်းမှုကို ကောင်းမွန်စေပါတယ်။ ဝမ်းမှန်မှန်သွားဖို့ တစ်နေ့မှာ အနည်းဆုံး ရေရှစ်ဖန်ခွက် သောက်ပေးရပါမယ်။

(၃) ဝမ်းသွားချင်စိတ်ကို အလေးထားပါ

ဝမ်းသွားချင်စိတ်ပေါ်တဲ့အခါ အလုပ်များလို့ ခဏအောင့်ထားတာမျိုး မလုပ်ပါနဲ့။ ဝမ်းသွားချင်ရင် အမြန်ဆုံး အိမ်သာသွားလိုက်ပါ။

(၄) အမျှင်ဓာတ်များများစားပါ

အမျှင်ဓာတ်များများပါတဲ့ အစာကိုစားတာကြောင့် ဝမ်းသွားစေပါတယ်။ ပဲအမျိုးမျိုး၊ ဆီးသီး၊ သဖန်းသီး စတဲ့အမျှင်ဓာတ်များများပါတဲ့ အစာတွေကိုစားတာကြောင့် လေပွတာနဲ့ အစာမကြေတာတို့ကို လျော့ပါးသက်သာစေပါတယ်။

Ref;zeenews

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top