ZKO
အစာစားရင်း ဂရိတ်ဖရုဖျော်ရည် သောက်တာကြောင့် ကိုယ်အလေးချိန် လျော့ကျမှုရှိတယ်လို့ လေ့လာမှုအရ သိရပါတယ်။ လေ့လာမှုအရ အဆီအအိမ့်ကဲတဲ့ အစာစားချိန်မှာ ဂရိတ်ဖရုဖျော်ရည်သောက်တာကြောင့် မြင့်တက်နေတဲ့ ကိုယ်အလေးချိန် အတိုင်းအတာကို ငါးပုံတစ်ပုံ လျော့ကျစေနိုင်ကြောင်း တွေ့ရှိခဲ့ကြပါတယ်။
ကြွက်တွေကို သုံးလကြာ အဆီများတဲ့ အစာကျွေးပြီး ဂရိတ်ဖရုဖျော်ရည်တိုက်ကျွေးခဲ့ရာ အဲဒီကြွက်တွေက အဆီများတဲ့အစာနဲ့ ရေကိုပဲတိုက်ကျွေးခံခဲ့ရသူတို့ထက် ကိုယ်အလေးချိန် ၁၈ ရာခိုင်နှုန်းအောက် လျော့ကျမှုရှိကြောင်း လေ့လာသူတွေက တွေ့ရှိခဲ့ကြပါတယ်။
Ref;DM
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)