Healthy Life Ad
Q & A

Kefir သောက်ရင် ဘယ်လိုကောင်းကျိုးတွေ ရနိုင်သလဲ. . .

Q. အခုတလော Kefir သောက်တဲ့သူတွေ များလာပါတယ်။ Kefir သောက်ရင် ဘယ်လိုကောင်းကျိုးတွေ ရနိုင်ပါသလဲရှင်။
TT (FB)

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည်။

A. ကိုယ့်ကိုယ်ကိုယ်လုပ်တဲ့ ဒိန်ချဉ်ကို ကီဖာလို့ ခေါ်ပါတယ်။ နို့ကိုကြိုပြီး ဒိန်ချဉ်ကိုထည့်လိုက်တယ်။ အပြင်မှာပဲ သုံးနာရီလောက်ထားလိုက်ရင် ကီဖာဖြစ်သွားပါတယ်။ ဒိန်ချဉ်နဲ့ ကီဖာဆိုတာ ဒိန်ချဉ်နဲ့ နို့ချဉ်ပါပဲ။ ကီဖာမှာ Probiotics aum Prebiotics ကော ပါတဲ့အတွက် အစာအိမ်အူလမ်းကြောင်းကို ကောင်းစေပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် ကီဖာကို တစ်နေ့တစ်ခွက် သောက်သင့်ပါတယ်။ တချို့ကတော့ နှစ်ခွက်သောက်ကြပါတယ်။ အနောက်နိုင်ငံတွေမှာ ကီဖာကို မနက်စာစားတိုင်း တစ်ခွက်သောက်လေ့ရှိကြပါတယ်။ အစာစားပြီးတိုင်း ခွက်ငယ်ငယ်လေးတွေနဲ့ တစ်ခွက်သောက်ကြပါတယ်။ မြန်မာနိုင်ငံမှာ ကီဖာကိုချိုအောင် သကြား၊ ပျားရည် စသဖြင့် ထည့်တတ်ကြတယ်။

အိန္ဒိယမှာ ကီဖာကို ကိုယ့်ဘာသာလုပ်ပြီး မတ်ပဲကြော်၊ ပူစီနံ၊ မဆလာစတာတွေထည့်ပြီး ထမင်းစားပြီးတိုင်း ထမင်းစားဇွန်း ၂ ဇွန်း-၃ ဇွန်း စာသောက်ကြတယ်။ အဲဒီလို သောက်ပေးတာက အစာအိမ်နဲ့ အူလမ်းကြောင်းကို အကျိုးပြုပေးနိုင်ပါတယ်။ တချို့အစားအသောက်တွေက အစာအိမ် အူလမ်းကြောင်းထဲမှာ ချေဖျက်ဖို့ ခက်ခဲတဲ့အစားအသောက်တွေ ဖြစ်ပါတယ်။ ဒီလိုချေဖျက်ဖို့ခက်တဲ့ အစာတွေရှိရင် ကီဖာသောက်လိုက်တဲ့အတွက် အစာချေဖျက်နှုန်း ကောင်းသွားပါတယ်။ ဒါ့အပြင် ကီဖာသောက်ထားရင် ဗိုက်ဆာတဲ့နှုန်းလျော့သွားပြီး အဆာခံပါတယ်။ အထူးသဖြင့် ဝိတ်ချချင်တဲ့သူတွေဆိုရင် ကီဖာသောက်ပေးလို့ရပါတယ်။ ကီဖာသောက်ပေးလိုက်ရင် မဆာတော့ပါဘူး။ ဖြစ်နိုင်ရင် အနည်းဆုံး တစ်ရက်တစ်ခွက် သောက်ပေးသင့်ပါတယ်။ ဒါဆိုရင် အစာအိမ်အူလမ်းကြောင်းအတွက် ကောင်းတဲ့ပိုးတွေ မွေးမြူစေပါတယ်။ ဒါကြောင့် ကီဖာက လူတိုင်းသောက်သင့်တယ်လို့ ပြောချင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top