Healthy Life Ad
Health Tips

ပင်လယ်စာအစိမ်းစားပြီး လက်ရောင်ရမ်းသွားသဖြင့် လက်ဖြတ်ခဲ့ပြီး အသက်ကယ်ခဲ့ရ

ကိုထက်

အသက် ၇၁ နှစ်အရွယ် အမျိူးသားတစ်ဦးက နှစ်ရက်ဆက်တိုက် ဖျားနာခြင်းနဲ့ လက်နာကျင်ရောင်ရမ်းမှု ခံစားရပြီးနောက် ကိုရီးယားရှိ ဆေးရုံသို့ အရေးပေါ်လာပြခဲ့ရပါတယ်။ သူ့လက်မှာ အရည်ကြည်ဖုများစွာရှိပြီး အကြီးအကျယ် ရောင်ရမ်းနေခဲ့တယ်လို့ ဆရာဝန်တွေက တွေ့ရှိခဲ့ပါတယ်။ အထူးသဖြင့် ကမာကောင်လိုမျိုး ပင်လယ်စာစားပြီးနောက် အဲဒီလက္ခဏာတွေ ပြသခဲ့တာဖြစ်တယ်လို့ သူကဆိုပါတယ်။ ချက်ချင်းပဲ ဆရာဝန်တွေက ခွဲစိတ်ဖို့ ပြောခဲ့ပါတယ်။

ခွဲစိတ်နေစဉ်အတောအတွင်း သူ့မှာ အန်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်းနဲ့ ဗိုက်အောင့်ခြင်းတို့လို ရောဂါလက္ခဏာတွေ ဖြစ်စေတဲ့ Vibrio Vulnificus ဆိုတဲ့ ဘက်တီးရီးယားပိုး ကူးစက်ခံထားရကြောင်း ဆရာဝန်တွေက တွေ့ရှိခဲ့ပါတယ်။ ပမာဏများတဲ့ ပိုးသတ်ဆေးအပါအဝင် ကုထုံးများစွာပေးခဲ့ပေမယ့် လူနာက အရင်ကတည်းက ဆီးချိုသွေးချိုရောဂါ။ သွေးတိုးရောဂါနဲ့ ကျောက်ကပ်ရောဂါတို့လို ရောဂါတွေ ရှိနေခဲ့တဲ့အတွက် သူ့ကျန်းမာရေးအခြေအနေက တိုးတက်မလာခဲ့ပါဘူး။ ဒါ့အပြင် သူ့အသက်အန္တရာယ်ကိုလည်း အကြီးအကျယ် ခြိမ်းခြောက်နေခဲ့ပါတယ်။

ဘက်တီးရီးယားက လူနာရဲ့လက်ကို ပုပ်စေတဲ့အထိ ပိုမိုပြင်းထန်လာခဲ့တဲ့အတွက် အသက်ကယ်ဖို့အနေနဲ့ လူနာရဲ့လက်ကို ဖြတ်ခဲ့ရပါတယ်။ ကံကောင်းစွာပဲ ခွဲစိတ်ကုသမှု အောင်မြင်ခဲ့တာကြောင့် လက်ဖြတ်ပြီးချိန်မှာ လူနာသက်သာလာခဲ့ပါတယ်။ Vibrio Vulnificus ဆိုတဲ့ ဘက်တီးရီးယားပိုးက ပင်လယ်စာအစိမ်း ဒါမှမဟုတ် မကျက်တကျက် ပင်လယ်စာတွေကိုစားပြီးချိန်မှာ ကူးစက်တတ်တယ်လို့ ကျွမ်းကျင်သူတွေကဆိုပါတယ်။ ပင်လယ်စာတွေကို လတ်ဆတ်တဲ့အမျိုးအစား၊ ကောင်းစွာအေးခဲထားတဲ့ အမျိုးအစားကိုပဲ ချက်ပြုတ်စားသင့်ကြောင်းနဲ့ ချက်ပြုတ်ပြီး အချိန် ၂ နာရီကျော်သွားရင် မစားသင့်တော့ကြောင်း ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။

Ref;freedytv

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top