Healthy Life Ad
Q & A

သွေးအန်နေရင် ဘယ်လိုစစ်ရမလဲ . . .

Q. သွေးအန်ပြီဆိုရင် ဖြစ်ရတဲ့ အခြေခံအကြောင်းရင်းကိုသိဖို့ ဘယ်လိုရောဂါရှာဖွေနိုင်ပါသလဲ ဆရာ။

ပါမောက္ခဦးအေးမွန် (ခွဲစိတ်ဆရာဝန်ကြိီး) မှ ပြန်လည်ဖြေကြားပေးပါသည်။

A. သွေးအန်တဲ့အခါ ရောဂါရှာဖွေတာကတော့ လူနာကိုမေးမြန်းတယ်၊ ဓာတ်မှန်ရိုက်တယ်၊ သွေးတွေစစ်တယ်၊ မှန်ပြောင်းနဲ့ကြည့်တယ် စတာတွေ လုပ်ပေးပါတယ်။ များသောအားဖြင့် သွေးအန်တာက သူ့ဘာသာ ဖြစ်တာမျိုးမဟုတ်ဘဲ တခြားအခြေခံ ရောဂါတစ်ခုခုကြောင့် ဖြစ်တာဖြစ်ပါတယ်။ အဲဒီရောဂါတွေကလည်း ပြောရရင် နည်းနည်းကြာနေတတ်လို့သာ သွေးတွေအန်လာတတ်တာ ဖြစ်ပါတယ်။

ဒါကြောင့် ပထမအဆင့် လူနာကို ရောဂါရာဇဝင်အကြောင်း မေးကြည့်တာနဲ့ပဲ ဘာကြောင့်ဖြစ်သလဲဆိုတာကို သိနေတာများပါတယ်။ အသည်းသမားဆိုရင် အသည်းကြောင့်ဖြစ်တာ၊ အစာအိမ်သမားဆိုရင် အစာအိမ်ကြောင့်ဖြစ်တာဆိုတာ တစ်ခါတည်း သိနိုင်ပါတယ်။ ဓာတ်မှန်ရိုက်လိုက်ရင်လည်း ရောဂါကို သိနိုင်ပါတယ်။ ရောဂါကို အတိအကျ အပြီးသတ်သိဖို့ကတော့ အစာအိမ်မှန်ပြောင်းကြည့်တာ (Endoscopy) ဖြစ်တယ်။ ရောဂါလည်း သိရတယ်။ ဘာရောဂါဖြစ်တာလဲသိရသလို ဘယ်သွေးကြောက ထွက်နေတာလဲဆိုတာကိုပါ သိရပါတယ်။ ဘယ်သွေးကြောကထွက်တာ၊ ဘယ်လောက်ထွက်နေတယ်ဆိုတာတွေကို သိနိုင်ပါတယ်။ တစ်ခါတလေ အန်တဲ့ထဲမှာ သွေးနည်းနည်း ပါနေတတ်တာမျိုးကတော့ အသည်းရောဂါကြောင့် ဖြစ်တာများပါတယ်။ အသည်းကြောင့် သွေးယိုနေတာဆိုရင်တော့ အသည်းကိုယ်တိုင်က ခြောက်နေတာ၊ မကောင်းတာဖြစ်တဲ့အတွက် သွေးအန်နေတာကိုတော့ ခဏတာပဲ ကုလို့ရမှာဖြစ်ပါတယ်။ အသည်းကောင်းသွားမှပဲ ပြန်သက်သာနိုင်မှာဖြစ်တယ်။ မှန်ပြောင်းကြည့်ပေးမယ်၊ ဘယ်နားသွေးယိုနေလဲကြည့်မယ်။ ဆေးထိုးပေးမယ်။ ဒါပေမဲ့ အသည်းမကောင်းမချင်းတော့ ပြန်ဖြစ်နေနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top