Healthy Life Ad
Q & A

ကလေးမှာ မွေးရာပါ ခြေထောက်ခွင်နေသလား . .

Q. ကျွန်မကလေးမွေးလာတုန်းကတော့ သတိမထားမိပေမယ့် ခြေထောက်ခွင်နေသလို ဖြစ်သလားထင်မိတယ်။ မွေးရာပါ ခြေထောက်ခွင်တာကို ဘယ်အချိန်မှာ သိရှိနိုင်ပါသလဲ ဆရာ။ မကုဘဲထားမိရင် ဘာဖြစ်တတ်ပါသလဲ။

ပါမောက္ခဦးနေဝင်း (အရိုးအထူးကု ဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည်။

A. ရောဂါကိုသိရတဲ့ အချိန်ကတော့ ကလေးငယ်ဟာ မွေးမွေးချင်း ခြေထောက်က အတော်လေးကို ကောက်နေတဲ့အတွက် ချက်ချင်းသိနိုင်ပါတယ်။ အခုနောက်ပိုင်းမှာဆိုရင် မမွေးခင်အချိန်ထဲကလည်း စစ်ဆေးသိရှိနိုင်ပါတယ်။ အာထရာဆောင်း ရိုက်ကြည့်ရင်လည်း တွေ့နိုင်ပါတယ်။ တစ်ခါတလေမှာ အဲဒီရောဂါက တခြားရောဂါကြောင့်၊ ဒါမှမဟုတ်လည်း တခြားရောဂါတွေနဲ့လည်း တွဲပြီးဖြစ်နေတတ်ပါတယ်။ ဥပမာ- ခါးအရိုးမှာဖြစ်တဲ့ အာရုံကြောရောဂါနဲ့လည်း တွဲဖြစ်တတ်ပါတယ်။ တခြားရောဂါလက္ခဏာတွေနဲ့လည်း တွဲပြီးဖြစ်တတ်ပါတယ်။ ဒီရောဂါကို မိဘတွေကမသိဘဲနဲ့ နေလိုက်ရင် အရွယ်ရောက်လို့ လမ်းစလျှောက်တဲ့အခါမှာ အဲဒီခွင်နေတဲ့ပုံစံနဲ့ပဲ လမ်းကိုလျှောက်နေတတ်ပါတယ်။ အဲဒီလို လျှောက်လိုက်တဲ့အခါမှာ ခွင်နေတာကပိုဆိုးသွားပြီး ဖိနပ်တွေလည်း စီးလို့မရတော့ဘဲ ခွင်နေတဲ့ပုံစံတိုင်းပဲ လမ်းလျှောက်သွားတတ်ပါတယ်။ အဲဒီလိုဖြစ်ပြီဆိုရင် အရိုးကလည်း ပုံစံပျက်သွားပြီး၊ ခြေထောက်မှာရှိတဲ့ အရွတ်တွေ၊ အကြောတွေက တိုကုန်တာတွေ၊ ရှုပ်ကုန်တာတွေဖြစ်သွားပါတယ်။ တစ်ခါတလေမှာ အရိုးတွေကလည်း ပုံပျက်ပြီး ပြောင်းလဲချက်တွေ ဖြစ်လာပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top