Healthy Life Ad
Health Tips

အာလူး၏ ကျန်းမာရေး စွမ်းပကား

၊ ဇွန် ၊

အာလူးမှာ ကာဗိုဟိုက်ဒရိတ် ပါဝင်မှုများတာကြောင့် သင်စားမယ့်အစားအစာ စာရင်းကနေ အာလူးကို ထုတ်ထားပါသလား။ အာလူးကို ကိုယ်အလေးချိန် တက်လာမှာစိုးလို့ဆိုတဲ့ အကြောင်းပြချက်ကြောင့် လုံးဝမစားဘဲတော့ မနေသင့်ပါဘူး။ အကြောင်းကတော့ အာလူးမှာ သင့်ကျန်းမာရေးကို ကောင်းမွန်စေနိုင်တဲ့ အာဟာရဓာတ်တွေ အများကြီး ပါဝင်နေတာကြောင့်ပါ။

– အာလူးမှာ အမျှင်ဓာတ်၊ ပိုတက်စီယမ်အများအပြား၊ ဖိုင်တိုကမ်မီကယ်လ်၊ ဗီတာမင် B6 နဲ့ ဗီတာမင်စီတို့ ပါဝင်နေတာကြောင့် သွေးဖိအားကိုပုံမှန်ဖြစ်နေအောင် ထိန်းပေးနိုင်ပါတယ်။

– အာလူးဟာ ပိုတက်စီယမ်ပါဝင်မှုများတဲ့ လူတွေစားသုံးမှုအများဆုံး ဟင်းသီးဟင်းရွက်၂၀နဲ့ သစ်သီး၂၀ထဲမှာ တစ်မျိုးအပါအဝင်ဖြစ်ပါတယ်။

– အလတ်စားအရွယ် အာလူးတစ်လုံးမှာ နေ့စဉ်လိုအပ်တဲ့ ပိုတက်စီယမ်ပမာဏရဲ့ ၁၈ရာခိုင်နှုန်း ပါဝင်တာကြောင့် ငှက်ပျောသီးတစ်လုံးမှာထက် ပိုတက်စီယမ်ပါဝင်မှု ပိုများပါတယ်။

– အမေရိကန် စားနပ်ရိက္ခာနဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့က ပိုတက်စီယမ်များစွာပါဝင်တဲ့ အစားအစာတွေက သွေးတိုးရောဂါနဲ့ လေဖြတ်ရောဂါတို့ရဲ့ဖြစ်နှုန်းကို လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ပိုတက်စီယမ်ပါဝင်မှုများတဲ့ အာလူးကို စားသင့်တာဖြစ်ပါတယ်။

– အာလူးမှာ ပိုတက်စီယမ်ပါဝင်မှုများတဲ့အပြင် ဆိုဒီယမ်နဲ့ အဆီပါဝင်မှုနည်းပါးပါတယ်။ အာလူးဟင်း တစ်ခွက်စာမှာကယ်လိုရီ ၁၁၀-၁၅၀လောက်ပဲ ပါဝင်ပါတယ်။

– ဆီနဲ့ကြော်ထားတဲ့ အာလူးကြော်၊ အာလူးချောင်းကြော် စတာတွေကိုတော့ မစားသင့်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top