Healthy Life Ad
Health Tips

သင့်ကိုယ်အလေးချိန် ပုံမှန်ရှိရဲ့လား

ကိုယ်အလေးချိန်က နည်းလွန်းရင်လည်း မကောင်းသလို များလွန်းရင်လည်း ကျန်းမာရေးနဲ့ မညီညွတ်ပြန်ပါဘူး။ ဒါကြောင့် ကိုယ်အလေးချိန်ကို ပုံမှန်ထိန်းသိမ်းဖို့ အရေးကြီးကြောင်းရေးသားလိုက်ရပါတယ်။

ကိုယ်အလေးချိန်နည်းခြင်း၏ ကျန်းမာရေးအန္တရာယ်များ

အရိုးသိပ်သည်းဆနည်းစေပြီး အရိုးပါးရောဂါ ဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်။

ခန္ဓာကိုယ်ထဲမှာ စွမ်းအင်သိုလှောင်မှု နည်းပါးတာကြောင့် ကူးစက်ပိုး အလွယ်တကူ ဝင်နိုင်ပြီး ဖျားနိုင်ခြေများပါတယ်။ နာမကျန်းမှု ဖြစ်ပြီးရင်လည်း ပြန်လည်ကောင်းမွန်နိုင်ဖို့ ကြန့်ကြာတတ်ပါတယ်။

ကူးစက်ပိုးတွေကို ပြန်လှန်တွန်းလှန်နိုင်စွမ်းနည်းပါတယ်။ အထူးသဖြင့် သင်က အာဟာရဓာတ်ချို့တဲ့သူဖြစ်ရင် ကူးစက်ပိုးဝင်လွယ်တတ်ပါတယ်။

အစားအသောက်ကို ကန့်သတ်ထိန်းချုပ်ကာ စားသောက်တာကြောင့် ကိုယ်အလေးချိန်နည်းတာဖြစ်ရင် စိတ်ပိုင်းဆိုင်ရာထိခိုက်မှု ဖြစ်လွယ်ပါတယ်။

ကိုယ်အလေးချိန်များခြင်း၏ ကျန်းမာရေးအန္တရာယ်များ

ကိုယ်အလေးချိန်များတာကြောင့် ရရှိနိုင်တဲ့ အန္တရာယ်က ဆီးချိုသွေးချိုရောဂါနဲ့ သွေးတိုးရောဂါတို့ ဖြစ်တတ်တာပဲ ဖြစ်ပါတယ်။ အဝလွန်တာက တင်ပါးတဝိုက်မှာထက် ဝမ်းဗိုက်နဲ့ ခါးတစ်ဝိုက်မှာ အဆီပိုတွေများနေရင် ရောဂါဖြစ်နိုင်ခြေပိုများပါတယ်။

လူတွေအဝလွန်လာတဲ့အခါ ကျန်းမာရေး ပြဿနာဖြစ်နိုင်တဲ့ အန္တရာယ်ကသိသိသာသာ မြင့်တက်လာပါတယ်။

အသက် ၅၅နှစ်ကျော်သူတွေမှာထက် အသက်ငယ်တဲ့သူတွေ အဝလွန်ရင် ပိုပြီး သတိထားသင့်ပါတယ်။

ကိုယ်အလေးချိန်များနေလျှင်

ကိုယ်အလေးချိန်ကျခြင်း၏ကောင်းကျိုးများ

ကိုယ်အလေးချိန်များနေလို့ နှစ်ပေါင်လောက် လျော့ကျသွားရင်တောင် သိသာတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။

ကိုယ်အလေးချိန်လျော့ကျတာကြောင့် သွေးတိုးကျစေကာ သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောနဲ့ သွေးတွင်းသကြားဓာတ် လျော့ကျတတ်ပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် အရွယ်မတိုင်ခင် စောစောသေနိုင်ခြေ ၂၀ ရာ ခိုင်နှုန်းလျော့ကျသွားပါတယ်။

ဆီးချိုရောဂါကြောင့် သေဆုံးနိုင်ခြေ ၃၀ ရာခိုင် နှုန်းကျော်လျော့ကျသွားပါတယ်။

ကင်ဆာရောဂါကြောင့် သေဆုံးနိုင်ခြေ ၄၀ ရာခိုင်နှုန်းကျော်လျော့ကျသွားပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top