Healthy Life Ad
Q & A

အိပ်ရင်း သုက်ရည်ထွက်တယ်၊ ပိန်လာတယ် . . .

မေး ။ ကျွန်တော်က အိပ်ရင်း သုက်ရည်ထွက်တယ်။ပြီးတော့ ပိန်လာတယ်။ ဘာကြောင့်လဲဆရာ။

ဒေါက်တာမိုးအောင်ကျော်နိုင်(အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည်။

ဖြေ ။ အမျိုးသားတွေကတော့ လူပျိုဖော်ဝင်ပြီးချိန်မှာ အိပ်ရင်း သုက်ရည်ပုံမှန်ထွက်တတ်ပါတယ်။ နမူနာ ပြောလေ့ရှိတာက အိုးမှာ ရေပြည့်ပြီး လျှံထွက်တယ် ဆိုပြီး ပြောလေ့ရှိပါတယ်။ ဒါက သဘာဝထဲမှာ တစ်ခုအပါအဝင်ပါ။ ပိန်သွားတယ်ဆိုတာက အစားအသောက်ပျက်ခြင်း၊ မပျက်ခြင်း၊ အိပ်ရေးဝခြင်း၊ မဝခြင်းနဲ့ပဲ ဆက်စပ်စဉ်းစားရပါမယ်။ သုက်ထွက်တာနဲ့ ပိန်တာက တိုက်ရိုက်ပတ်သက်မှုမရှိပါဘူး။ သုက်ထွက်များတာကို စိုးရိမ်ကြောက်လန့်ပြီး အစားအသောက်ပျက်တာ၊ အိပ်မပျော်တာတွေ ဖြစ်နေတာတော့ ဖြစ်နိုင်ပါတယ်။ ဒါကို သပ်သပ် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top