Healthy Life Ad
Health Tips

ကိုယ်အလေးချိန်လျော့ကျစေမည့် သမားရိုးကျမဟုတ်သော နည်းလမ်းများ

၊ လရိပ်မေ ၊

အာဟာရပြည့်ဝတဲ့အစာကို စားတာနဲ့ လေ့ကျင့်ခန်းကို ပုံမှန်လုပ်တာတွေက ကျွန်မတို့ရဲ့ ကျန်းမာရေးကို ကောင်းမွန်စေပြီး ကိုယ်အလေးချိန်ကို လျော့ကျစေတယ်ဆိုတာ သိပြီးဖြစ်မှာပါ။ ဒါပေမဲ့ ဒီနည်းလမ်းနှစ်ရပ်ကို မလိုက်နာနိုင်သူတွေအတွက် ကိုယ်အလေးချိန်လျော့ကျစေမယ့် တခြားနည်းတွေကို အကြံပြုပေးလိုက်ပါတယ်။

(၁) အားကစားခန်းမကို မသွားလိုလျှင် မသွားပါနှင့်
တကယ်လို့ သင်က အားကစားခန်းမကို အကြောင်းကြောင်းကြောင့် မသွားဖြစ်ခဲ့ရင်လည်း ကိုယ်အလေးချိန်ထိန်းဖို့အတွက် စိတ်မပူပါနဲ့။ အိမ်မှာ သင်သဘောကျတဲ့ ကိရိယာလွတ်လေ့ကျင့်ခန်းကိုလုပ်ပါ။ ဥယျာဉ်စိုက်ပျိုးတာ၊ တောင်တက်တာ၊ ကားရေဆေးတာစတဲ့ လှုပ်ရှားမှုတွေက ကယ်လိုရီလျော့ကျစေပြီး နှလုံးခုန်နှုန်းကို ကောင်းမွန်စေပါတယ်။

(၂) သင်ကြိုက်သော အစာကို စားပါ
သင့်အနေနဲ့ ပီဇာစားချင်တယ်ဆိုရင် ထိန်းချုပ်မနေပါနဲ့။ စားသာ စားလိုက်ပါ။ ဒါပေမဲ့ အဆီနည်းတဲ့ ဒိန်ခဲနဲ့ လုပ်ထားတဲ့ ပီဇာဖြစ်ဖို့နဲ့ ပမာဏအများကြီး မစားဖို့တော့ လိုပါတယ်။

(၃) ပမာဏ လျှော့ပါ
ထမင်းစားတဲ့အခါ ပန်းကန်သေးသေးလေးထဲထည့်ပြီး ဖြည်းဖြည်းချင်းစားပေးတာက ဦးနှောက်ဆီကို ဗိုက်ပြည့်ကြောင်း အချက်ပြမှု မြန်မြန်ရောက်စေပါတယ်။

(၄) လုပ်ငန်းခွင်တွင် လှုပ်ရှားပါ
အလုပ်ထဲမှာ ထိုင်ပြီး အလုပ်လုပ်နေမယ့် အစားလမ်းလျှောက်တာ၊ မတ်တပ်ရပ်တာတွေကို များများလုပ်ဖြစ်အောင်လုပ်ပါ။

(၅) ကူညီပါ၊ မခိုကပ်ပါနှင့်
သူများကို ကူညီတာက သင့်ကို ကိုယ်အလေးချိန်လျော့ကျစေပါတယ်။ အစားအသောက်စားတဲ့အခါ သူများတွေအတွက်ပါ ပြင်ဆင်ပေးတာမျိုး၊ သန့်ရှင်းရေးလုပ်ပေးတာမျိုးဟာ မထင်မှတ်ဘဲကယ်လိုရီလျော့ကျစေတဲ့ နည်းလမ်းတွေပဲဖြစ်နေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top