Healthy Life Ad
International

နေ့စဉ် ယောဂကျင့်ခြင်းဖြင့် အမျိုးသားများတွင် သုက်ပိုးအရည်အသွေး မြင့်တက်စေနိုင်

၊ ကိုထက် ၊

နေ့စဉ် ယောဂကျင့်တာကြောင့် သုက်ပိုးအရည်အသွေးကို သိသိသာသာ မြင့်တက်စေနိုင်တယ်လို့ အိန္ဒိယဆေးစင်တာအရသိရပါတယ်။ လေ့လာမှုအရ သုက်ကောင်ရဲ့ လုပ်ငန်းဆောင်တာ ချို့ယွင်းရတာဟာ ဒီအင်န်အေထိခိုက်မှုကြောင့်ဖြစ်ပါတယ်။ သုက်ပိုးဒီအင်န်အေထိခိုက်တာကြောင့် မျိုးအောင်နိုင်စွမ်းလျော့နည်းတာ၊ မွေးရာပါ ချို့ယွင်းချက်ပါတဲ့ ကလေးမွေးတာတွေ ဖြစ်စေနိုင်ပါတယ်။

သုက်ပိုးဒီအင်န်အေထိခိုက်မှုဖြစ်ရတဲ့ အဓိကအကြောင်းရင်းကလည်း ခန္ဓာကိုယ်ထဲမှာ ဖရီးရယ်ဒီကယ်ပမာဏနဲ့ အောက်ဆီဂျင်ဆန့်ကျင်မှုအကြား ဟန်ချက်မညီတဲ့အခြေအနေကြောင့် ဖြစ်ရတာပါ။ ပတ်ဝန်းကျင်ညစ်ညမ်းမှု၊ အင်းဆက်ဖျန်းဆေး၊ ပိုးသတ်ဖျန်းဆေးတွေနဲ့ ထိတွေ့ရမှု၊ ကူးစက်ပိုးဝင်တာ၊ ဆေးလိပ်သောက်တာ၊ အရက်သောက်တာ၊ အဝလွန်တာနဲ့ အာဟာရတန်ဖိုးနည်းပါးတဲ့ အဆင်သင့် အစာ/အမြန်စာစတာတွေကြောင့် ဖရီးရယ်ဒီကယ်တွေများလာပြီး သုက်ပိုး ဒီအင်န်အေထိခိုက်ရတာပါ။

ဒီအခြေအနေကို ကာကွယ်ဖြေရှင်းနိုင်မယ့် နည်းလမ်းတစ်ခုက ယောဂကျင့်တာဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ ယောဂကျင့်တာကြောင့် ဒီအင်န်အေထိခိုက်မှု လျော့ကျစေပြီး တယ်အိုးမီးယားအလျားရှည်စေတယ်လို့ လေ့လာသူဒေါက်တာရီမာက ဆိုပါတယ်။အမျိုးသား ၂၀ဝ ဦးကို ခြောက်လကြာ ယောဂကျင့်စေပြီး လေ့လာခဲ့ရာ စိတ်ဓာတ်ကျတာ၊ စိတ်ဖိစီးမှုများတာနဲ့ ပူပင်သောကများတာတို့ လျော့ကျမှုရှိတာကို တွေ့ရှိခဲ့ရပါတယ်။ ယောဂကျင့်တာက ဖရီးရယ်ဒီကယ်အဆင့်လျော့ကျပြီး ဒီအင်န်အေထိခိုက်မှု လျော့နည်းတာကြောင့် သုက်ပိုးအရည်အသွေး မြင့်တက်မှုရှိရတာ ဖြစ်တယ်လို့သိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top