Healthy Life Ad
Q & A

တစ်ကြောင်းတည်းဆို ကိုယ်ဝန်မဟုတ်ဘူးလား

မေး ။ သမီးအိမ်ထောင်သည်ပါ။ ဘာတားဆေးမှမသုံးပါဘူး။ လွန်ခဲ့တဲ့ ၃လလောက်က… ကလေးလိုချင်လို့ အိုဂျီနြဲ့ပတာ အကုန်ကောင်းပါတယ်။ သူပေးတဲ့ သံဓာတ်အားဆေးကို တစ်နေ့တစ်လုံး သောက်ပါတယ်။ အရင်လတွေက ရာသီအမြဲမှန်ပါတယ်။ အခုလရက်ကျော်နေတာ တစ်ပတ်ရှိပါပြီ။ ဒါကြောင့် လွန်ခဲ့တဲ့သုံးရက်က စစ်ကြည့်တာ တစ်ကြောင်းပဲ ပေါ်ပါတယ်။ ဒါပေမဲ့ အစာစားပြီးတိုင်း ပြည့်အင့်အင့်ကြီးခံစားရပါတယ်။ ကိုယ်ဝန်ရှိရဲ့သားနဲ့ မပေါ်သေးတာရော ဖြစ်တတ်ပါသလား။

ဒေါက်တာစိုးလွင်(သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည်။

ဖြေ ။ ကလေးရဖို့ ကြိုးစားနေတယ်၊ ရာသီ ရက်ကျော်နေပြီ၊ ပြည့်အင့်အင့်ကြီးဆိုတော့ ကိုယ်ဝန်ရှိတာ ဖြစ်နိုင်တယ်။ ဆီးစစ်ရင် မနက်စောစောပေါက်တဲ့ ဆီးကိုစစ်။ ဆီးစစ်တဲ့ပစ္စည်း တံဆိပ်ပြောင်းပြီး ထပ်စစ်ကြည့်ပါဦး။ နောက်တစ်ပတ် ထပ်စောင့်။ ရာသီမလာသေးရင် ထပ်စစ်ကြည့်။ ရာသီရက်ကျော်တိုင်း ကိုယ်ဝန်ရှိပြီလို့လည်း ရာနှုန်းပြည့်တော့ မပြောနိုင်ဘူး။ စိတ်ထဲက ကလေးသိပ်လိုချင်ဇောကြီးရင်လည်း စိတ်အစွဲနဲ့ ရာသီမလာတာ ဖြစ်တတ်ပြန်ရော။ မသင်္ကာရင်တော့ ဆရာဝန်ပြကြည့်။ ကိုယ်ဝန် “၆ ပတ်”ဆို အာထရာဆောင်းမှာပေါ်ပြီ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top