Healthy Life Ad
Health Tips

အဆစ်ရောင်ရမ်းနာ သက်သာရလေအောင်

၊ ငွေစင်ကြယ်ယံ ၊

အဆစ်ရောင်ရမ်းနာခံစားနေရသူတို့အနေနဲ့ သက်သာမှုရှိစေဖို့ အောက်ပါတို့ကို လုပ်ဆောင်သင့်ပါတယ်။

ရေကူးပါ
ရေကူးတာက အဆစ်ရောင်နာရှိသူတွေအတွက် ကောင်းမွန်တဲ့ အားကစားနည်းတစ်မျိုးဖြစ်ပါတယ်။ ရေဟာ အလေးချိန်မရှိတာကြောင့် အဆစ်တွေအပေါ် ဖိအားသက်ရောက်မှုကို လျော့ကျစေပါတယ်။ တရုတ်(တိုင်ပေ)ရဲ့ လေ့လာမှုတစ်ရပ်အရ အဆစ်ရောင်နာရှိသူတွေက ရေထဲမှာ လှုပ်ရှားမှုလုပ်တာကြောင့် ဒူးနဲ့ တင်ပါးတွေရဲ့ ပျော့ပျောင်းမှု၊ သန်စွမ်းမှုနဲ့ကြံ့ခိုင်မှုတို့ သိသိသာသာ တိုးတက်စေတယ်လို့သိရပါတယ်။ ရေထဲမှာ လှုပ်ရှားမှုလုပ်ဆောင်တာက အဆစ်နာကျင်မှုကို သိသိသာသာလျော့ကျစေပြီး တစ်ကိုယ်လုံးရဲ့ ကျန်းမာရေး ကောင်းမွန်မှုရှိတာကို တွေ့ရှိရပါတယ်။

လက်ဖက်ရည်ကြမ်းတစ်ခွက်သောက်ပါ
လက်ဖက်ရည်ကြမ်းမှာဖလေဗိုးနွိုက်အများအပြားပါဝင်ပြီး အင်တီအောက်ဆီးဒင့်ဂုဏ်သတ္တိလည်းရှိပါတယ်။ လေ့လာမှုတချို့အရ ပုံမှန်လက်ဖက်ရည်ကြမ်းသောက်သူတွေက လက်ဖက်ရည်ကြမ်း မသောက်သူတွေထက် တချို့သော ကင်ဆာရောဂါဖြစ်နိုင်ခြေ ၅၀ ရာခိုင်နှုန်း လျော့နည်းကြောင်း သိရပါတယ်။ တခြားလေ့လာမှုတွေ အရ လက်ဖက်ရည်ကြမ်းကို ပုံမှန်သောက်သူတွေဟာ လေဖြတ်တာနဲ့ နှလုံးရောဂါဖြစ်နိုင်ခြေလည်း လျော့ကျမှုရှိကြောင်းသိရပါတယ်။ ဒါ့အပြင် အင်တီအောက်ဆီးဒင့်အများအပြား ပါဝင်တဲ့ အစားအသောက်တွေက ရိုးဆစ်ရောင်ရမ်းနာကျင်မှုကို ပိုဆိုးမသွားအောင် ထိန်းပေးနိုင်တယ်လို့ လေ့လာမှုတွေအရသိရပါတယ်။

ခြေဗလာဖြင့် လမ်းလျှောက်ပါ
ခြေဗလာနဲ့လမ်းလျှောက်တာက ရှူးဖိနပ်နဲ့ လမ်းလျှောက်တာထက် ဒူးဆစ်တွေပေါ်မှာ သက်ရောက်အားကိုလျော့ကျစေပြီး အရိုးဆစ်ရောင်ရမ်းနာကြောင့် နာကျင်မှုနဲ့ စွမ်းဆောင်ရည်ကျဆင်းမှုကို ၁၂ရာခိုင်နှုန်းလျော့ကျစေပါတယ်။ ဒီတွေ့ရှိချက်က ရိုးဆစ်ရောင်ရမ်းသူ ၇၅ ဦးကို လေ့လာမှုအရ ချီကာဂိုရှိ ရပ်ရှ်ဆေးတက္ကသိုလ်စင်တာရဲ့ လေ့လာသူတွေက ဖော်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။ ခြေဗလာနဲ့ လမ်းမလျှောက်ချင်ရင် ခြေထောက်ရဲ့သဘာဝကွေးညွတ်မှုအတိုင်း သက်သောင့်သက်သာရှိတဲ့ ရှူးဖိနပ်နဲ့လျှောက်ကြည့်ပါ။ ခြေဖနောင့်ကိုမြှင့်ပြီးမလျှောက်ပါနဲ့။ အဆစ်တွေပေါ် ဖိအားသက်ရောက်မှုများစေလို့ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top