Healthy Life Ad
Q & A

လက်မောင်းထဲ ပစ္စည်းထည့်တော့မယ်ဆိုရင် ဒါတွေသိပြီးပြီလား

မေး ။ ၂၀၁ရ ဇန်နဝါရီလမှာလက်မောင်းထဲကို ထည့်ရတဲ့ဆေး ထည့်ခဲ့ပါတယ်ရှင့်။ ရာသီစက်ဝန်း ဘယ်လိုဖြစ်နိုင်ပါသလဲလို့ အိုဂျီဆရာမကြီးကို မေးတဲ့အခါ သူ့ဘာသူလာချင်လည်းလာမယ်၊ မလာချင်လည်းမလာဘူးလို့ဖြေခဲ့ပါတယ်။ စထည့်ထည့်ချင်း ၆လ လောက်အထိတော့ လုံးဝမလာပါဘူး။ နောက်ပိုင်းတော့ ရက်မှန်မှန်မဟုတ်ဘဲ လာလိုက် မလာလိုက်ဖြစ်ရာက ပြီးခဲ့တဲ့ ဧပြီလက စပြီး တောက်လျှောက် ရာသီသွေးဆင်းပါတယ်ရှင့်။ နေ့တိုင်းပါပဲ။ အဲဒါဟာ ပုံမှန်ပဲလား၊ ဆေးကုသဖို့ လိုသလားဆိုတာကို သိချင်လို့ပါရှင့်။ ကျေးဇူးတင်ပါတယ် ဆရာကြီး။

ဒေါက်တာစိုးလွင်(သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည် ။

ဖြေ ။ လက်မောင်းထဲ ထည့်တဲ့ပစ္စည်းလေးထည့်တော့မယ်ဆိုရင်သိရမှာက သူ့မှာ ကောင်းတာရှိသလို ဆိုးတာလည်းရှိတယ်ဆိုတာပါပဲ။ ကောင်းတာက သိပ်ထိရောက်တယ်။ မေ့မှာ မကြောက်ရဘူး။ စိတ်ချရတယ်။ ၃နှစ်တောင်ခံတယ်။ ထုတ်လိုက်ရင် ချက်ချင်းကလေးရတယ်။ ဆိုးတာက ဈေးကြီးတယ်။ ကျွမ်းကျင်တဲ့ ဆရာဝန်က ထည့်ပေး/ထုတ်ပေးမှရတယ်။ ၁၀ယောက်ထည့်ရင် ၁-၂ယောက်လောက်မှာ “ဝ”တတ်တယ်။ ရာသီမလာတာ၊ မမှန်တာ၊ ခဏခဏ ဆင်းတာတွေ ဖြစ်တတ်တယ်။ စိတ်ပူစရာ မရှိပါဘူး။ ဒါပေမဲ့ အကြာကြီး ဆက်တိုက်ဆင်းနေရင်တော့ ဆရာဝန်နဲ့ ပြန်ပြဖို့လိုမယ်။ ဘာကြောင့်ဆင်းတာလဲ၊ တခြားရောဂါကြောင့်လား၊ ဒီပစ္စည်းကြောင့်လား စစ်ဆေးကြည့်ဖို့လိုမယ်။ အနာသိရင် ဆေးရှိပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top