Healthy Life Ad
Life Style

သဘာဝနည်းများနဲ့ ကိုယ်ဝန်တားခြင်း (Natural family planning)

ဒေါက်တာတင့်ဆွေ

မင်္ဂလာပါဆရာ . . သမီးနာမည်က . . . ပါရှင့်။ သမီးအသက်က ၂၃ ပါ။ အိမ်ထောင်ရှိပါတယ်ဆရာ။ အိမ်ထောင်ကျတာလည်း လပိုင်းပဲရှိသေးတယ်။ ကလေးက မလိုချင်သေးတော့ အမျိုးသားနဲ့ အမျိုးသမီး ဘယ်လိုဆက်ဆံနေထိုင်ရမလဲ ပြောပြပေးပါဆရာ။ တားဆေးလည်း မသောက်ချင်ပါဘူး။ ပြီးတော့ ဆေးလည်း မထိုးချင်လို့ပါဆရာ။ သဘာဝအတိုင်း နည်းလမ်းကောင်းလေး လမ်းပြပေးပါဆရာ။

၁။ Natural family planning သဘာဝနည်းများ၊

(က) Calendar method (သို့) Standard Days method ရက်ရှောင်နည်း

ရာသီလလယ်ရက်ဟာ မ-မျိုးဥထွက်တဲ့နေ့ဖြစ်တယ်။ မ-မျိုးဥနဲ့ ကျား-သုက်ပိုးတွေ့မှသာ ကိုယ်ဝန်ရနိုင်တယ်။ ဒါကြောင့် လလယ်ရက်မတိုင်ခင် (၅) ရက်နဲ့ နောက်ထပ် (၅) ရက်မှာ အတူမနေသင့်ပါ။ ရာသီမလာခင် (၅)ရက်နဲ့ ရာသီလာပြီး (၅) ရက်မှာနေရင် ကိုယ်ဝန်မရစေပါ။ စိတ်ချရမှု % ကိုနောက်မှာ ကြည့်ပါ။

(ခ) Withdrawal method (Pullout method) သုက်ရည်ပြင်ပစွန့်ထုတ်နည်း

ယောကျာ်းက ဆန္ဒပြည့်ဝခါနီးမှာ လိင်အင်္ဂါကို အမျိုးသမီးရဲ့ မိန်းမကိုယ်ကနေ ထုတ်ပြီးမှ သုက်ရည်ကို ပြင်ပမှာ ထွက်အောင်လုပ်ရတယ်။ စိတ်ကိုထိန်းထားတုံး သုက်ကောင်တွေ (Sperm) အနည်းငယ် ထွက်တာဖြစ်တတ်တယ်။ တချို့က ဆန္ဒမပြည့်ဝတာ ဖြစ်တတ်တယ်။ ကျားသုက်ပိုးသတ်ဆေး (Spermicide)နဲ့တွဲသုံးရင် ပိုမိုထိရောက်တယ်။ စိတ်ချရမှု % ကိုနောက်မှာကြည့်ပါ။

ကလေးနို့တိုက်နေရင် ၃ လကနေ ၆ လအထိ သဘာဝနည်းနဲ့ သားဆက်ခြားနိုင်တယ်။ နို့တိုက် မိခင်ကိုလည်း ဟော်မုန်းလည်ပတ်မှုမှန်စေတယ်။ ရင်သားကင်ဆာဖြစ်မှာကိုလည်း ကာကွယ်တယ်။ ကလေးကို ကိုယ့်နို့တမျိုးတည်းသာ တိုက်ရမယ်။ အလုပ်သွားချိန်မှာ နို့ဗူးနဲ့ထားတာဆို စိတ်မချရဘူး။ ၁-၂ ရာခိုင်နှုန်းသာ ကိုယ်ဝန်ရစေတယ်။

(ဂ) Breastfeeding ကလေးနို့တိုက်ခြင်းနည်း

ကလေးဖွားပြီး ၆ ပတ်နေရင် နောက်ကိုယ်ဝန် ပြန်ရနိုင်တယ်။ ကလေးနို့တိုက်နေရင် ၃ လကနေ ၆ လအထိ သဘာဝနည်းနဲ့ သားဆက်ခြားနိုင်တယ်။ နို့တိုက်မိခင်ကိုလည်း ဟော်မုန်းလည်ပတ်မူ မှန်စေတယ်။ ရင်သားကင်ဆာဖြစ်မှာကိုလည်း ကာကွယ်တယ်။ ကလေးကို ကိုယ့်နို့တမျိုးတည်းသာ တိုက်ရမယ်။ အလုပ်သွားချိန်မှာ နို့ဗူးနဲ့ထားတာဆို စိတ်မချရဘူး။ ၁-၂ ရာခိုင်နှုန်းသာ ကိုယ်ဝန်ရစေတယ်။ ၃ လ နောက်ပိုင်းကာကွယ်မှုလျော့လာတယ်။ တိတိကျကျဆိုရင် ၆ ပတ်အထိက သေချာတယ်။

၂။ Male condom ကျား (ကွန်ဒွမ်) များ

ကျား-သုက်ပိုးတွေကို မ-မျိုးဥနဲ့ မတွေ့စေအောင် ကြားခံပေးထားတဲ့ အဆီးအတားမျိုးဖြစ်တယ်။ Latex (Rubber) or Polyurethane (Plastic) ပစ္စည်းတမျိုးမျိုးနဲ့လုပ်ထားတယ်။ ညွှန်ကြားချက်အတိုင်း သုံးတတ်ရင် ၉၅-၉၈% စိတ်ချရ တယ်။ HIV-AIDS အပါအဝင် လိင်ကတဆင့် ကူးစက်ရောဂါတွေကိုပါ ကာကွယ်တယ်။ စိတ်ချရမှု % ကိုနောက်မှာကြည့်ပါ။

၃။ Female condoms အမျိုးသမီးသုံး (ကွန်ဒွမ်)

အမျိုးသမီးရဲ့ မွေးလမ်းကြောင်း (ဗဂျိုင်းနား)ထဲမှာ သက်သောင့်သက်သာ အဝကို အပြင်၊ အပိတ်ကို အတွင်းမှာ အနေအထားနဲ့ ထည့်သွင်းရမယ်။ ဆက်ဆံမှုပြီးဆုံးရင် အပြင်အဝကို စုစည်းပိတ်ပြီး၊ အထဲရှိနေတဲ့ ကျားသုက်တွေ ဖိတ်မကျအောင် ပြန်ထုတ်ပြီး စွန့်ပြစ်ရမယ်။ သုံးနေတုံးမှာ အသံထွက်လို့ တချို့က မကြိုက်ဘူး။ ရောဂါတွေကာကွယ်နိုင်ပြီး ယောကျာ်းက (ကွန်ဒွမ်)မသုံးတဲ့အခါမျိုးအတွက် ကောင်းတယ်။ ဈေးချိုတဲ့ အမျိုးသမီးသုံး (ကွန်ဒွမ်)ကိုလည်း FDA က အသိအမှတ်ပြုလိုက်ပြီ။ စိတ်ချရမှု % ကို နောက်မှာကြည့်ပါ။

တားဆေး-တားနည်းများ ဆန်းစစ်ချက်များ

(က) ထိရောက်မှုအများဆုံး တားဆေး-တားနည်းများ

– Implant အရေပြားအောက် ဆေးချောင်း၊ IUD သားအိမ်ထဲထည့်ပစ္စည်း၊ Vasectomy, Tubal methods သားကြောဖြတ်ခြင်းများ = ၉၉%

– Birth Control shot ထိုးဆေး = ၉၇%

– Birth Control Pill စားဆေး၊ Vaginal Ring (ဗဂျိုင်းနား) ကွင်း = ၉၂-၉၅%

– Condom (ကွန်ဒွမ်)၊ Diaphragm, Cer­vical Cap သားအိမ်ဝအဖုံး-အပိတ်၊ Sponge ဆေးမြှုပ် = ၈၄-၈၉%

– Abstinence ဝေရာမဏိ = ၁၀ဝ%

(ခ) ထိရောက်မှု အနည်းဆုံး တားဆေး-တားနည်းများ

– No Birth Control အကာအကွယ် လုံးဝ မသုံးခြင်း = ၈၅%

– Spermicide only သုက်ပိုးသတ်ဆေးတမျိုးတည်း = ၂၉%

– Fertility Awareness နေ့ကောင်းရက်သာ ရွေးနည်း = ၂၅%

– Female Condom အမျိုးသမီးသုံး (ကွန်ဒွမ်) = ၂၁%

– Withdrawal သုက်ရည် အပြင်စွန့်ထုတ်နည်း = ၁၈%

(ဂ) WHO တားဆေး-တားနည်းများနှင့် ကိုယ်ဝန်ရနှုန်း တစ်နှစ်တာ ဆန်းစစ်ချက်

– အကာအကွယ် မသုံးသူ = ၈၅% ကိုယ်ဝန်ရမယ်။

– သုက်ပိုးသေဆေးနည်းသုံးသူ = ၁၈-၂၉% ကိုယ်ဝန်ရမယ်။

– သုက်ရည် ပြင်ပစွန့်ထုတ်နည်းသုံးသူ = ၁၅-၂၈% ကိုယ်ဝန်ရမယ်။

– ရက်ရှောင်နည်းသုံးသူ = ၅-၁၂% ကိုယ်ဝန်ရမယ်။

– ကွန်ဒွမ်နည်းသုံးသူ = ၂-၁၅%ကိုယ်ဝန်ရမယ်။

– နေ့စဉ်သောက်ရတဲ့ဆေးသောက်သူ = ဝ.၃-၈% ကိုယ်ဝန်ရမယ်။

– ထိုးဆေးထိုးသူ = ဝ. ဝ၅-၃% ကိုယ်ဝန်ရမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top